Saturday, September 15, 2012
spicy honey chicken လေး ချက်စားရအောင်
ကျွန် မ သမီးလေး က ကုန်း ဘောင် ကြီး ကြော်ကြိုက်တယ် ကျွန်မ က spicy honey chicken ပိုကြိုက်တယ် သူ က တော့ အချို ကို အစပ်နဲ့ တွဲတာ မလိုက် ဘူး ဆို ပြီး ကျွန်မ အတွက်တော့ ဒီဟင်းလေးက အကြိုက်ဆုံး ဟင်းထဲ မှာ ပါ လို့  ချက်နည်း လေး share လိုက်ပါတယ်
Spicy Honey Chicken ချက် ရန် လိုအပ်တဲ့ ပစ္စည်းများ
ကြက်ပေါင်အပေါ် ပိုင်း ၃ခု ကို တတုံးကို လေးတုံး ဆီ လောက် တုံးထားတာလေး များအရိုးမပါအောင် လှီး ရင် လဲ ရပါတယ်
ကြက်သွန် နီ ခပ်ရွယ်ရွယ် နှစ်လုံးကို ၄စိတ် စိတ်ပါမယ်။
ခရမ်းချဉ်သီး သေးသေးအလုံးလေး များ ၇လုံး ၈ လုံးလောက်
ငရုတ်သီး အခြောက်ထောင့် ၅တောင့် ၆ တောင့်
ပဲ ငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း တဇွန်း
ပဲ ငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
Honey စားပွဲတင် ဇွန်း တဇွန်း
အသားမှုန့် အနည်းငယ်
ဆား အနည်း ငယ်
ပြောင်းဖူးမုန့် အနည်းငယ်
cooking wine လက်ဖက်ရည်ဇွန်း တဇွန်း
ကြက်သွန် မိတ် အနည်း ငယ် ကျွန်မ ကုန် နေ လို့ မထည့်လိုက်ရပါ
လုပ်နည်း
ပထမ ကြက်သား ကို cooking wine ပြောင်းဖူး မှုန့်  အသားမှုန့်  ပဲငံပြာရည် အကြည်တို့ နဲ့ နယ်
ပါတယ် ပြီး ရင် ဆီပူပူ မှာ ထည့်ကြော် ပါတယ် အရောင် နဲနဲ ရဲ လာ ရင် ဆယ် ထားပါမယ် ပြီး ရင် ငရုတ်သီး အခြောက် တောင့် ကို ကြော်ပါ ပြီး ရင် ဆီ များကို ဖယ် ပြီး ဆီ အနည်းငယ် မှာ ကြက်သွန် ခရမ်း ချဉ်သီး ကို ထည့် ချက် ပါ ကြက်သွန် နွမ်း ခရမ်းချဉ်သီး နဲနဲ ကြက်လာ လျှင် ပဲငံပြာရည် အနောက် ထည့်ပါ
ကြော်ထားတဲ့ကြက်သားထည့် ကြော်ထားတဲ့ ငရုတ်သီး အခြောက်တောင့် ထည့်ပြီး Honey ထည့် ပါ
ပြီး ရင် မွေ ပြီး ကြက်သွန်မိတ် ထည့်ပြီး ရင် စားကောင်းတဲ့ Spicy honey chicken ရပါပြီ။
ကြော်ထားတဲ့ကြက်ကြော် နဲ့  ငရုတ်သီး အခြောက် တောင့်ပုံ
Labels:
တရုတ်အစားအစာ
Subscribe to:
Post Comments (Atom)
ကြော်စားမယ် မမစန္ဒီ..ပျားရည်နဲ့ မစားဖူးဘူး
ReplyDelete