Thursday, March 22, 2012

အစိမ်းကြော် လေး စားရအောင်



 ပထမ အစိမ်းကြော် ရန် ဘူးမှို အနည်းငယ် button mushroom အဖြူ ရောင် ကော်ဖီပန်းပွင့် အနည်းငယ် ပဲတောင့် ရှည် မုန်လာဥနီ အားလုံးကို အရွယ်တော် လေးများလှီးထား ပါမယ် ပဲပြားကို အတုံးသေးလေး တွေလှီး ပြီး ဆီထဲ မှာ ကြော်ထား ပြီး သူ ကို လဲ အစိမ်းကြော်ထဲ ထည့်ပါမယ် ကြော်ရန် sauce လေး ဖျော်ထားပါမယ် ပါဝင် သည်များမှာ ခရုဆီ ဇွန်း ကြီးတဇွန်း ပဲငံပြာရည် အကြည် တဇွန်း အသားမှုန့် အနည်းငယ် ရေ၂ဇွန်းလောက်နဲ့ ဖျော်ထားပါ။


 စကြော် ပါမယ် ပထမကြက်သွန် ဖြူ ကို အရင် ကြော်ပါ အရောင် နည်းနည်း ရဲ လာရင် အသီးအရွက် များကို ထည့်ပါမည် ရေ အနည်းငယ် ဖြန်း ထည့်ပါ ပြီး ရင် ဖျော်ထားတဲ့ sauce ကိုထည့်ပါမည်




ပြီးရင် ၃မီနစ် လောက် အဖုံး ဖုံးထားလိုက် ပါ ချခါနီးမှာ ကော်မှုန့် လက်ဖက်ရည်ဇွန်း လေး ကို ရေ နဲ့ ဖျော်
ထည့် လိုက်ပါ ဒါဆို စားကောင်း တဲ့ အစိမ်းကြော် လေး ရ ပြီနော်

No comments:

Post a Comment