Tuesday, February 21, 2012

ကြက်သားလေးနဲ့ ချက်လိုက်တယ် ဝက်သားနဲ့ လဲချက် လို့ ရတယ် နော် ကြက်သားကလည်းအိမ်မှာတောင်ပံပဲရှိလို့ တောင်ပံလေးတွေနဲ့ ပဲချက်လိုက်ပါတယ် ပထမကြက်သားကို ရေနွေးဆူဆူထဲမှာ ဆားအနည်းငယ် အသားမှုန့် အနည်းငယ်တို့ နဲ့ နယ်ပြီး ၅မီနစ်လောက်ထည့်ပြုတ်လိုက်ပါတယ် ပြီးမှချက်မဲ့အိုးထဲမှာ ဆီတဇွန်းထည့်ပြီး ဂျင်း လက်တဆစ်လောက်ကို အပြားလိုက်ပါးပါးလှီး ပြီး ငရုတ်ကောင်း သကြားစားပွဲတင်ဇွန်းတဇွန်းတို့ ဆီသတ်လိုက်ပြီး မှ ပဲငံပြာရည်အနောက် တဇွန်း အကြည် ၃ဇွန်း ခရုဆီတဇွန်း cooking wine လက်ဖက်ရည်ဇွန်းတဇွန်း ထည့်ပြီး ကြက်သားနဲ့ ကြက်ပြုတ်ရည်ပါလောင်းထည့်ပြီး မီနစ် ၃၀လောက်တည်လိုက်ပါတယ် အရည် ၃ပုံ၁ပုံကျန်ပြီးဆိုရင် မီးပိတ်လိုက်ပြီး အဖုံးပိတ်ပြီး ၁နာရီလောက်ထားလိုက်ပါတယ် ပြီး မှ ပေါက်စီ plain လေးနဲ့ ပဲစားစား ထမင်းအဖြူလေးနဲ့ စားစား ကြက်ဥပြုတ်ကို ကြက်သားထည့်တဲ့အချိန်မှာတချိန်ထဲထည့်တည်ပါတယ် အပေါ်မှာရေးရန်ကျန် သွားလို့ ပါ အသက်ကြီးလို့ မေ့တတ်လာပါပြီ :)) အဲနောက်ဆီသတ်ချိန်မှာ one cinncmon stick and 3 star anise ကိုလည်းထည့်ပါတယ် ။

No comments:

Post a Comment