ကျွန်မ တခါမှ သခွားသီး ကို ချက် မစားဘူး ပါ စာအုပ်တအုပ်မှာ ချက်ထားတာ တွေ့ လို့ ချက် စားကြည့်တာ အရမ်းစားကောင်းသွားလို့ ချက်နည်း လေး ရေးဖြစ်သွားတာပါ
ဂျပန် သခွားပုဇွန် ချက် ရန် လိုအပ်တဲ့ ပစ္စည်းများ
ဂျပန်သခွား ရှည်ရှည် ပိန်ပိန်သခွား သီး ၂လုံး အစေ့နည်းပြီးတော်တော်စားကောင်းတယ်
ပုဇွန် ခပ်လတ်လတ် ရ ကောင် ၈ ကောင်
ကြက်သွန်ဖြူ ၂ဥ
ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၂ဇွန်း
သကြားအနည်းငယ် (အချိုကြိုက်ရင် မကြိုက်ရင် မထည့်လဲ ရပါတယ်)
အသားမှုန့်  အနည်းငယ်
ဆီ စားပွဲတင်ဇွန်း ၂ဇွန်း
နှမ်းဆီ အနည်းငယ်
ဂျပန် သခွား ပုဇွန် ချက် နည်း
ပထမ ကြက်သွန်ဖြူ ကို တံပြားရိုက်ထားပါ ပြီး ရင် ဆီ တွင် အရင် အရောင် လေး ရဲ သည့်အ ထည့်ကြော်ပါ ပြီး ရင် ဂျပန်သခွား တလက်မခွဲ အရွယ်လေးများ လှီးထားတာကို ထည့် ကြော်ပါ ပဲ ငံပြာရည် အကြည်ထည့် ပါ သခွား သီးလေးများ နဲနဲ နွမ်း လာမှ ပုဇွန် ထည့်ပါ ပြီး ရင် အသားမှုန့် ထည့်ပါ
ပုဇွန် များ ရဲ ပြီး ကျက် လာရင် နှမ်း ဆီ အနည်းငယ် ဖြန်း ပြီစားလို့ ရပါပြီ သကြားဖြူး ရင် အသားမှုန့် ထည့်တဲ့ အချိန် နဲနဲ လေးဖြူးလို့ ရပါတယ်။
ဂျပန်သခွားတခါမှမစားဖူးသေးဘူးမရေ
ReplyDelete