Sunday, July 29, 2012

ဝက်သား ဒုတ်ထိုး လေး နဲ့ တွဲစားတဲ့ သတ်သတ်လွတ်ကြာဇံ ကြော်စားရအောင်



ဟိုနေ့ က ဝက်သားဒုတ်ထိုး လုပ်ပြီးတော့ ဝက်သား ဒုတ်ထိုး နဲ့ကြာဇံ ကြော်လေးတွဲစား ရင်
တော်တော်လေး လိုက် လို့ ကြော် ရအောင် နော်


သတ်သတ်လွတ် ကြာဇံ ကြော်ရန် လို အပ် သောပစ္စည်းမျာြး


ကြာဇံ ခေါက်ဆွဲထုပ်ထဲ က အခေါက်ဆွဲ အရွယ် ၂ထုပ် 
မုန် လာဥနီ တဝက်
ကော်ဖီထုပ် အထုပ် တဝက်
ဆီ အနည်းငယ်
ခရုဆီ အနည်းငယ်
အသားမှုန့် အနည်းငယ်
ပဲ ငံပြာရည် အကြည် အနည်းငယ်
ပဲ ငံပြာ ရည် အနောက် လက်ဖက် ဇွန်းလေး နဲ့ တဇွန်း 
ကြက်သွန် ဖြူ တဥ နှစ် ဥ


ပထမ ဆီ အနည်းငယ် ထည့်ပြီး ကြက်သွန်ဖြူ ကိုဆီသတ်ပါ ပြီး လျှင်   ကြာဇံ အခြောက် ကို ထည့်ပါ ပြီး မှ ရေ ကော်ဖီ ပုဂံလုံး
တလုံးလောက် ထည့်ပြီး ရင် ကြာဇံကို မွေ ပါ ကြာဇံနဲ နဲ ပျော့ လာလျှင် မုန်လာဥနီလှီးထားတာရယ် ဂေါ်ဖီ လှီးထားတာရယ် ကို
ထည့်ပါ ဆီ ခြောက် ရင် နဲနဲ ဆီထည့် ပေးပါ ခရုဆီ နဲ့ အသားမှုန် ပဲ ငံပြာရည် အကြည် အနောက် ထည့်ပါ ကြာဇံလဲ စားလို့ ရတဲ့ အရွယ် ဂေါ်ဖီ နဲ့  မုန် လာ ဥနီ ပါ ကြက် ရင်မီးပိတ် လိုက်ပါ  စားကောင်းတဲ့ ကြာဇံ ကြော်ရပါပြီ။

Thursday, July 26, 2012

ဝက်သား ဒုတ် ထိုး လေး လုပ်စားရအောင်





ဝက်သားဒုတ်ထိုးလေးလုပ်စား ခဲ့တာ ကြာပါပြီ အခုမှပဲ တင်ဖြစ်လို့ 

လိုအပ်တဲ့ပစ္စည်းများ

ဝက်လျှာ နှစ် ခု
အူချို ၃၀၀ဂရမ်
တရုတ် ဟင်းချက် ဝိုင် စားပွဲတင်ဇွန်း ၂ဇွန်း
တရုတ်မဆလာ လက်ဖက်ရည်ဇွန်းတဇွန်း
ဆီအနည်းငယ်
ဂျင်း လက်တဆစ်
ကြက်သွန် ဖြူ ၂ဥ
သကြား လက်ဖက်ရည်ဇွန်းတဇွန်း
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်
ငရုတ်ကောင်း မှုန့် အနည်းငယ်
ပဲငံပြည်ရည် အနောက် လက်ဖက် ရည်ဇွန်း တဇွန်း
ပဲငံပြည်ရည် အကြည် စားပွဲတင်ဇွန်းတဇွန်း



                    လုပ်နည်းလေး


ပထမဝက်လျှာ နဲ့ အူချို ကိုခွဲပြီး တပန်းကန်ဆီနယ်ပါတယ်
ဆားအနည်းငယ် သကြားအနည်းငယ် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ဟင်းချက်ဝိုင်
ထည့်ပါ   နှစ်ဇွန်းလောက်ထည့်ပြီးအသားမှုန့် လေးအနည်းငယ် တရုတ်မဆလာ သကြား အားလုံးကို နှစ်ခုလုံးကို နယ်ထားလိုက်ပါ
ဆီ အနည်းငယ်လောက်နဲ့ ကြက်သွန် ဂျင်းထောင်းထားတာကို ရဲအောင် ဆီနဲ့သတ်ပြီးရင် ဝက်လျှာကို အရင်ထည့်အိုးထဲမှာ ဆီ လေးနဲ့ လှိမ့်လိုက်ပါ ပြီး ရင်ရေကို အိုးတဝက်လောက် ထည့်ပြီးတည်လိုက်ပါ
အိုးထဲမှာဝက်လျှာကိုအရင်ထည့်ပြုတ်ပြီး ၁၅မီနစ်လောက်ကြာလျှင်
အူချိုကိုထည့်လိုက်ပြီးနောက်ထပ်၁၀မီနစ်၁၅မီနစ်လောက်ဆိုရပါပြီ
ခရင်းလေးနဲ့ ထိုးကြည့်ပါသိတ်နုးအိစရာမလိုပါပျော့ရင်ရပါပြီ ရေလက်နှစ်လုံး
လောက်အိုးထဲမှာကျန်ရင်မီးပိတ်လိုက်ပါ။
အနားရဲရဲလေး လိုချင် ရင်တော့ အူချို နဲ့ လျှာကို ထုတ်ပြီး ဆီလေး နဲ့ အနားတင်းအောင်လုပ်ပြီး
ပြုတ်တဲ့ ရေ ထဲ ထည့်ပြီး ရင် လှီး စားလို့ ရပါပြီ

အချဉ် ကို ခရမ်း ချဉ်သီး ဆော့စ် ငရုတ်သီး ဆော့စ်  ထန်းညှက် ရည်အနည်းငယ် နဲ့ ရေလေးနည်းနည်းထည့်ပြီး မီးဖို ပေါ် မှာ ခဏတည် ရင် ရပါပြီ

Sunday, July 22, 2012

ကြက်ပေါင်း ကော်ရည် လေး ချက်စားရအောင်

 

လွယ် လဲ လွယ် လုပ် ရတာ မြန် တဲ့ ကြက်ပေါင်း  ကော်ရည် ခေါက်ဆွဲ လေး လုပ်စားဖြစ်ပါတယ်
ပုံ လေးတွေ တောင် အဆင့် လိုက် မရိုက် လိုက် နိုင် ပါဘူး

                               
                ကြက်ပေါင်း ကော်ရည် ခေါက်ဆွဲ လုပ် ရန် လိုအပ် တဲ့ပစ္စည်းများ


                ခေါက်ဆွဲ အဆို အဝါ ရောင် ၃၀၀ဂရမ်
               ကြက်တောင်ပံ သို့ မဟုတ် ပေါင် ၃၀၀ ဂရမ်
               ပဲပင် ပေါက် လက် နှစ် စုပ် လောက်
               ကြက် သွန် မိတ် အနည်းငယ်
              ပြောင်းဖူး မှုန့် စားပွဲတင် ဇွန်း မောက် မောက် နှစ် ဇွန်း
              ဂျင်း အနည်းငယ်
               ပဲ ငံပြာရည် အနောက် လက် ဖက် ရည် ဇွန်း တဇွန်း
               အသားမှုန့် အနည်းငယ်
               ယိုဒယား ငံပြာရည် အနည်းငယ်



                                        လုပ်နည်း
 ကြက်တောင်ပံ သို မဟုတ် ကြက်ပေါင် များ ကို ဂျင်း ၃ပြား ၄ ပြား လောက် ရယ် ယိုးဒယား ငံပြာရည် အနည်းငယ် အသားမှုန့် အနည်းငယ် တို့ နဲ့  ကြက် ကို နယ် ပြီး ပြုတ် ပါ ကြက်နူး ရင် အဖုံးလေး ဖုံးပြီး ထား ထားလိုက်ပါ အဖုံး ကြာကြာဖုံးထားချင်း ဖြင့် ကြက်များ နူး ပြီး ပေါင်းသလို လေး ဖြစ် ပါမယ် 


ပြီးရင် ကြက် ကို ဆယ် ပြီး ကြက်ပြုတ် ရည် ထဲကို ပြောင်းဖူး မုန့်  ရယ် ရေ ပန်းကန်လုံးသေးသေး တလုံးရယ် ပဲငံပြာရည် အနောက် ရယ် အသားမှုန့် ရယ် ဖျော်ထားတဲ့ အရည်ကို ထည့်ပြီး တည်ပါ မည် ပြစ် လာရင် ရပါပြီ 
ခေါက်ဆွဲ အဆို ကို ရေ နွေး နဲ နဲ ဖျော် ပါ ရေ နွေး ဆူ ဆူတည်ထားတဲ့ အထဲမှာ ပဲပင် ပေါက်ကို လဲ ရေ နွေး ဖျော် ပြီး
ရေ စစ် ထားပါ 

ကော် ရည် ခေါက် ဆွဲပြင် ပါ မယ် ပထမ ခေါက်ဆွဲ အဆို ကို အရင် စားမဲ့ ပန်းကန် လုံးထဲ ထည့်ပါ ပြီး ရင် အရည်ထည့်ကြက်သား အတုံးထည့် ပဲပင် ပေါက် ထည့် ကြက်သွန်ဖြူ ဆီချက် ဆနွင်းမပါ တာလေး ထည့် ကြက်သွန်မိတ် လေး လှီး ထည့်ပြီး ရင်
ငပိအနည်းငယ်ကို ကင်ပြီး ငရုတ်သီးစိမ်း ကြက်သွန် တို့ နဲ့ ထောင်း သံပုရာသီး ညစ်ထားတာ နဲ့ လဲ တွဲ စားလို့ ရပါတယ်
ရိုးရိုး တရုတ် အချဉ် နဲ့ လဲ စားလို့ ရပါတယ် 



ကြက် ကို ပြုတ် ပြီး ပုံ ပါ။




Friday, July 20, 2012

ပြောင်းဖူး ကော်ပြန့် နဲ အားလူး ကော်ပြန့်  ကြော်စား ဖြစ် ပါတယ် ကြော်စားဖြစ် တာကြာပါပြီ



                      ကော်ပြန့် အသေးလေးတွေ နှစ်မျိုး ကြော်စားဖြစ် ပါတယ်
ဒါလေးကြော်စားထား တာ ကြာပါပြီ အစမ်းလေး မို့  တင်ဖြစ် သွားတာပါ ။


                             ကော်ပြန့် ကြော်ရန် လို အပ်တဲ့ ပစ္စည်းများ


             ကော်ပြန့် အရွက် Frozen အသေးထုပ် တထုပ် ၄ပုံ တပုံလောက်
             အားလူး ခပ်ရွယ် ရွယ် သုံးလုံးကို ပြုတ်ထားပါတယ်
             sweet corn ၁၅၀ဂရမ်
             မဆလာ အနည်းငယ်
             အသားမှုန့် အနည်းငယ်
             ဆားအနည်းငယ်
             ဟင်းချက် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတဇွန်း လောက်
             ကြက်သွန် နီ ခပ်ကြီး တလုံးကို အတုံးသေးသေးလေးတွေလှီးထားပါ အားလူး မဆာလာ
            ကော်ပြန့် ထဲထည့်ရန်

                                   
                                  လုပ်နည်း

ကော်ပြန့် ကအစာနှစ်မျိုးထည့်ထားပါတယ် တမျိုးကတော့အာလူးကိုပြုတ်ပြီး
ခြေ မဆလာအနည်းငယ် ဟင်းချက်ငရုတ်သီးအမှုန့် အနည်းငယ် ကြက်သား
မုန့် အနည်းငယ် ဆားအနည်းငယ် ကြက်သွန်အနီအတုံးသေးသေးလေးတွေ
ထည့်ထားတဲ့ ကုလားစတိုင် ကော်ပြန့် ပါ
နောက်တမျိုးကတော့ရန်ကုန်မှာစားခဲ့ရတဲ့ နည်းကို သတိရပြီး sweet cornကို
အသားမှုန့် ဆားအနည်းငယ်ထည့်ပြီး ဒယ်အိုးထဲမှာပြောင်းဖူးကျက်အောင်ချက်လိုက်ပြီး ကော်ပြန့် sheetထဲ ကို ကျွန်မ ပထမ ကော်ပြန့် လိပ်တဲ့နည်းပုံလေး ပြထားတဲ့ အတိုင်း ကော်ပြန့် အသေးလေးများကို လိပ်ပါမည်။
နှစ်မျိုး ကို တဝက် ဆီလောက် ခွဲလိပ် ပြီးဆီ ပူ ပူမှာ ထည့်ကြော်ရင် စားလို့ ကောင်းတဲ့ အားလူးကော်ပြန့် 
နဲ ပြောင်းဖူး ကော်ပြန့် လေးတွေ ရပါပြီ ။.                 


Thursday, July 19, 2012

ကြက်ပင်စိမ်း အုပ် ချက် ပင်စိမ်း မရှိလို့  နံနံပင် ပဲ အုပ်ချက် လိုက် ရပါတယ်

ကြက် သား ပင်စိမ်း အုပ်ချက် လေး ပင်စိမ်းမရှိလို့  နံနံပင်အုပ်ချက်လိုက်ရပါတယ်

                              လိုအပ်တဲ့ပစ္စည်းများ

ကြက်သား အရိုးမပါ အသား ကြီးပဲ ရင်ပုံတခု ပေါင် တခု လေးထောင့်တုံးလေးများလှီးထားပါ
ငရုတ်သီး အစိမ်း ၃ တောင့် ၄တောင့်
ကြက်သွန် ဖြူ ၃ဥ
ပြောင်ဖူး မုန့်  ထမင်းစားပွဲတဇွန်း မောက်မောက်
သံပုရာသီး အစိပ်ကြီး တစိတ်
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်
နံနံပင် သို့ မဟုတ် ပင်စိမ်း လက်တစုတ်
ခရုဆီ အနည်းငယ်

                             လုပ်နည်း

ကြက်သား ကို သံပုရာသီး ညှစ် အသားမှုန့် အနည်းငယ် ဆား အနည်းငယ် ငရုတ်ကောင်းမှုန့် အနည်းငယ် ပြောင်းဖူး မှုန့် တို့ နဲ့ နယ် ပြီး ခဏထားပြီးမှ ဆီ ပူပူတွင် ကျွတ် အောင် မကြော်ပဲ ကြက်ရုံ လေး ကြော်လိုက်ပါ ပြီး ရင် ဆယ်ထားလိုက်ပါ

အိုးထဲတွင် ဆီ အနည်းငယ် ထည့်ပြီး ထောင်းထားတဲ့ ကြက်သွန် ဖြူ နဲ့ ငရုတ်သီး စိမ်း ကို အရင် ဆီသတ်ပါ
ကျွတ်အောင် မဟုတ်ဘဲ ခပ်ပျော့ပျော့အချိန်မှာ ကြက်သား ထည့်ပါ ရောချက် ပြီး ခရုဆီ ထည့်ပါ ပြီး ရင် နံနံပင် သို့ မဟုတ် ပင်စိမ်း အုပ်ပြီး ခဏနေ ချလိုက် ပါ စားကောင်းတဲ့ ဟင်းတခွက် ရပါပြီ


Tuesday, July 17, 2012

ကြက်တောင်ပံ ခရုဆီဆမ်း လေး ချက်စားရအောင်



                       ကြက်တောင် ပံ ခရုဆီ ဆမ်း ချက် ရန် လိုအပ်တဲ့ပစ္စည်းများ


            ကြက်တောင်ပံ ၃၀၀ဂရမ်
            ကြက်တောင်ပံကြော်ရန် ဆီ ၁ခွက်
            ဆားအနည်းငယ်
            ငရုတ်ကောင်းအနည်းငယ်
            အသားမှုန့် အနည်းငယ်
            says light sauce 1tbsp
            Saya dark sauce 1tsp
            cooking wine 1tsp
            corn flour 1tsp
            ခရုဆီ စားပွဲတင်ဇွန်းတဇွန်း
            ရေ ပန်းကန် လုံးအသေးလေးတလုံး


                             လုပ်နည်း

ပထမ ကြက်တောင်ပံကို ဆား အသားမှုန့် ငရုတ်ကောင်းမှုန့်  နည်းနည်းဆီ နဲ့ ပဲ နယ်ပါ ပြီးရင် ၂နာရီလောက်ထားပြီးမှ နီညိုရောင် သန်း သည် အထိ ကြော်လိုက်ပါ။
     
ကြော်ပြီး သား ကြက်တောင်ပံများ ကို  ခရုဆီ saya light sauce ,dark sauce ,rice wine ,corn flour ,water အားလုံးဖျော်ပြီးချက်တဲ့အရည်လောင်းထည့်လိုက်ပါတယ် အရည်ပူပြီး ပြစ်လာ ရင် ချလို့ ရပါ ပြီ  ထမင်းပူပူ တုန်ယမ်ဟင်းချိုလေးနဲ့ တွဲစားရင်အရမ်းစားကောင်းလို့  နောက် နေ့ မှ တုန်ယမ် ဟင်းချို ချက်နည်းလေး ရေးလိုက်ပါ့မယ်။

Sunday, July 15, 2012

ကင်မချီ လေး လုပ်စားရအောင်





                                            ကင်မချီ လုပ်ရန်လိုအပ်တဲ့ပစ္စည်းများ

မုန့် ညှင်း ထုတ် ၅၀၀ဂရမ်
sea salt လက်တဆုတ်
သကြားလက်ဖက်ရည်ဇွန်းတဇွန်း
ကိုရီးယား ငရုတ်သီးမှုန့်  စားပွဲတင်ဇွန်း ၂ဇွန်း
ကိုရီးယား ငံပြာရည် 40ml
ကြက်သွန်ဖြူ ၂ဥ ၃ဥ
ကြက်သွန် နီ တခြမ်း
ဂျင်းအပြားလေး ၂ပြား
ကြက်သွန်မိတ် ၂ပင်

ပထမကြက်သွန်ဖြူ နဲ့  ဂျင်းကိုထောင်းထားပါ
ကြက်သွန်နီ ကို အတုံးသေးသေးလေးများလှီးထားပါ
ကြက်သွန်မိတ်ကို တလက်မအရွယ်လေးများဖြတ်ပါ
ငရုတ်သီးမှုန့် ငံပြာရည် သကြား ကြက်သွန် အဖြူ ဂျင်း ကြက်သွန်နီ ကြက်သွန်မိတ်အားလုံးကို ရောပြီး
နယ်ထားပါ ။




                                      လုပ်နည်း

ပုံပါအတိုင်း မုန့် ညှင်းထုတ်ကို ဆားတဝက် နဲ့ အရွက်အနံပက်ပေးထားပါ အရွက် တိုင်းဆားဝင်ပါစေ





၁နာရီခွဲ ၂နာရီလောက်ထားလိုက်လျင် အောက် ပုံ အတိုင်း အရွက် များ နွမ်းလာပါမည်



နွမ်း လာတဲ့ အရွက်များ ကို ကျန်ဆားတဝက်ထည့်ထားသော ရေ တွင် ၃နာရီ ၄ နာရီလောက်ဆိမ်ပါမည်




ပြီး လျင် အရွက် များကို ရေ နဲ့ ဆေးပြစ်ပြီး ရေ ခဏ စစ်ထားပါမယ် ပြီးမှ ဖျော်ထားတဲ့ ငရုတ်သီးအနှစ် ကို
အရွက် တိုင်းမှာ သုတ်ပါမည်



 သုတ်ပြီး ရင် ပုံပါအတိုင်း လေလုံတဲ့ဘူးထဲမှာ ထည့်ပြီး ၂၄နာရီကြာအောင် ပိတ်ထားပြီး ရင် စားလို့ ရပါပြီ
ပြီးရင် ရေခဲသေတ္တာထဲ မှာ ထားပြီစားပါ




                   ပုံမှာ sea salt


                                        ကိုရီယား ငရုတ်သီးမှုန့် ပုံ

             



                                       ကိုရီးယား ငံပြာရည် ပုံ

                               

Saturday, July 14, 2012

Korean Spicy tofu soup လေး ချက် စားရအောင်


Korean Spicy tofu soup ချက် ရန် လိုအပ်တဲ့ပစ္စည်း များ


ဆီစားပွဲတင်ဇွန်း တဇွန်း 
ကြက်သွန်ဖြူ ၂ဥ 
ဂျင်း ထောင်းပြီးသား လက်ဖက်ရည်ဇွန်း တဇွန်း 
ကိုရီးယား ငရုတ်သီး မှုန့် စားပွဲတင်ဇွန်း တဇွန်း 
နှမ်းဆီ လက်ဖက်ရည်ဇွန်း တဇွန်း 
ဝက်သား အသား ပါးပါး လှီးထား တာ ၃ပြား ၄ပြား
water 500ml
small clams လက်တဆုပ်လောက် ခရု အလေးလေးကို အခွံနဲ့
ကြက်သွန် နီ တဝက်
ဆား အနည်းငယ်
အသားမှုန့် အနည်းငယ်
ကြက်သွန်မိတ် ၂ပင်လောက်
ကြက်ဥ တလုံး


လုပ်နည်း

ပထမ ကြက်သွန် ဖြူ နဲ့ ဂျင်း ငရုတ်သီးမှုန့်  တို့ ကို ဆီသတ်ပါ ဖယ်ထားလိုက်ပါ 
အိုး ထဲမှာပဲ နှမ်းဆီနဲ့ ဝက်သားကို ထည့် ကြော်ပါ ဝက်သားအညိုရောင် သန်းသည်အထိ 
ပြီး လျှင် ဝက်သားကို ပဲငံပြာရည် နဲ့ နယ်ပြီးထားလိုက်ပါ 
soup စလုပ်ပါမည် ပထမ ရေ ကို ပွတ်ပွတ် ဆူအောင် တည်ပါပြီး ရင် small clams လေးများကိုထည့်
ပြီး အုပ်ထားလိုက်ပါ ပြီး ရင် ဝက်သားထည့်ပါ ပြီး ရင် ငရုတ်သီး ဆီသတ်ထားတာထည့်လိုက်ပါ
ပြီးလျှင် ပဲပြားထည့်ပါ နောက် ဆုံးချခါ နီးမှာကြက်ဥဖေါက်ထည့်ပြီးမမွေပါနဲ့  ကြက်သွန် မိတ်
အုပ်ပြီး ရင် ရပါပြီ။




ပုံမှာ ကိုရီယား ငရုတ်သီးမှုန့်  





Thursday, July 12, 2012

ကြာလှပါပြီ ချက်ဘူးပါတယ် ကြက်ကောင်းညှင်းထုပ်လေး


ကောက်ညှင်း လုပ်နည်း တွေ ပဲ တင် နေဖြစ် တယ်

ဝက်သားကြိုက်တဲ့သူများဝက်သားနဲ့ ထုပ်လို့ ရပါတယ်

ကြက်သား ကောက်ညှင်းထုပ် ရန် လိုအပ်တဲ့ပစ္စည်များ

၃၀၀ဂရမ် ကောက်ညှင်းဆန်
၂၅၀ဂရမ်ကြက်သား အရိုးထုတ်ပြီးသား
မှို အခြောက် အနည်းငယ် ရေ စိမ်ထားပါ
ပုဇွန်ခြောက် အကောင် စားပွဲတင်ဇွန်း ၂ဇွန်း လောက်
ကြက်သွန် ဖြူ အနည်း ငယ်
 ကြက်သွန်နီဥအသေးလေး ၁ဥ နှစ် ဥ
ကျွန်မကတော့ငှက်ပျော်ဖက်ပဲသုံးလိုက်ပါတယ်ရေနွေးစိမ်ပြီး
ဆီသုတ်လိုက်ပါတယ်
ဆား အနည်း ငယ်
ဆီ အနည်းငယ်
အသားမှုန့် အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ပဲ ငံပြာရည် အနောက် အနည်းငယ် တို့ နဲ့ ကြက်သား အတုံး လေးများတုံးပြီး နယ်ထားပါ ။

လုပ် နည်း

ကောက် ညှင်းဆန်ကို ရေ ဆေးပြီး ၂ နာရီလောက် ရေ စိမ်လိုက်ပါ
ပြီး ရင် ရေစစ်ထားပါ
ကြက်သား တို့ ချက် ပါပြီ ဆီ အနည်းထည့်ပြီး ပုဇွန် ခြောက် ကြက်သွန် အဖြူ အနီ တို့ ကို ထည့်ကြော်ပါပြီး ရင် နယ်ထားတဲ့ ကြက်သား ကို ထည့်ပါ မှို ကိုလဲ ထည့်လိုက်ပါ အရသာအဖြစ် အသားမှုန့် အနည်းငယ် ငရုတ်ကောင်းအနည်းငယ်ထည့်ပါ ဖက် ကို ယူပြီးကောက်ညှင်းလက်တဆုတ်လောက် ကို ထည့်အပေါက်လေးလုပ်ပြီး ကြက်သားအစာ ထည့်ပါ ပြီး ရင် အောက်မှာ ပုံပြထားတဲ့ အတိုင်း ကောက်ညှင်းကိုထုတ်ပါ ပြီးရင် ရေထဲထည့်ပြီး ပြုတ်ပါမည် ၁နာရီလောက် ပြုတ်ရင် စားကောင်းတဲ့ ကောက်ညှင်းထုပ် ရပါပြီ




ပုံမှာ ကောက်ညှင်း ရေ စစ်ပြီး သား နဲ့ ကြက်သား ချက်ပြီးသာ






ထုတ်ပြီး သာ ကောက်ညှင်းထုတ်များကို ရေထဲ ထည့်ပြုတ်ပါတယ်။




တနာရီလောက် ပြုတ်ပြီးတဲ့ အချိန်မှာ ဆယ်လိုက်ပါတယ်။




Wednesday, July 11, 2012

ကောက်ညှင်းကင် လုပ်စားရအောင် အရင်တုံးက လုပ်ပြီးသာလေးပါ


ကောက်ညှင်းကင် လုပ်ရန် လိုအပ်သောပစ္စည်းများ
ကောက်ညှင်း ၁၅၀ဂရမ် 
အုန်း နို့ 30ml
ပုဇွန်ခြောက်မှုန့် လက်တဆုတ်စာလောက် 
ဟင်းချက် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတဇွန်း 
ကြက်သွန်ဖြူ တဥ ကြက်သွန် နီ တဥ ပါးပါး လှီးထားပါ
ငှက်ပျော်ရွက် ၅ခု နှစ်ပိုင်းလောက်ပိုင်းပါ ငှက်ပျော်ရွက် ကို ရေ နွေး စိမ်လိုက်ပါ 
ကြာရွက် ရှိလဲ ရပါတယ် 


လုပ်နည်း  

ကောက်ညှင်းဆန် ၆နာရီလောက်ရေစိမ်ပြီး
အုန်းနို့ ရည် ဆားအနည်းငယ် အသားမှုန့် အနည်းငယ်
နဲ့ ရောပြီး မီနစ် ၂၀လောက်ပေါင်းလိုက်ပါတယ်
ပုဇွန်ခြောက်မှုန့် လက်တဆုတ်စာလောက်ကို
ဟင်းချက်ငရုတ်သီးမှုန့် အနည်းငယ်လောက်
ကြက်သွန်ဖြူတဥ ကြက်သွန်နီအသေးလေးနှစ်ဥ
အားလုံးပါးပါးလှီးပြီးဆီသပ်ပါ
ပြီးလျှင်ကောက်ညှင်းထဲကိုထည့်ပြီး
ငှက်ပျောရွက်နဲ့ လိပ်ပြီး
Oven 180 C မှာ 10မီနစ်လောက်ကင်လိုက်လျှင်စားလို့ ကောင်းတဲ့ကောက်ညှင်းကင်ရပြီ



ပုံမှာ ကောက်ညှင်းပေါင်းပြီးသာနဲ့ ပုဇွန် ခြောက် ကြော်ပြီးသာ ထုပ် ရန် အဆင်သင့် 



ပုံမှာ ကောက်ညှင်း ကို အရင်ထည့်ပြီးရင် ပုဇွန်ခြောက် အစာသွတ်ပြီး ဖက်နဲ့ ထုပ် ပြီး ရင် ကင်လို့ ရပါပြီ  


FB ကခင်ရတဲ့ ညီမလေး ကေ ဆီက ရတဲ့ ပဲ ကြာဇံ သုတ်နည်း


 FB က ညီမလေး ကေ ဆီက ရတဲ့ ပဲ ကြာဇံ သုတ်နည်း




ပဲ ကြာ ဇံ သုတ်ရန် လို အပ်တဲ့ပစ္စည်းများ 
ပဲကြာဇံ အခြောက် အထုပ်ကြီး တဝက် 
ကြက်သွန်နီ ဥ နှစ် လုံး 
ပုဇွန် ၃၀၀ဂရမ်(ပုဇွန် ကို ခေါင်းဖြုတ် သန့်အောင် လုပ်ပြီး အခွံ နဲ့ အိုးထဲမှာလျော်ထားပါမည်
ကြက်သွန်မိတ် ၃ပင် 
ငရုတ်သီး စိမ်း ၄ ၅ ထောင့်
သံပုရာသီး တဝက် 
ငံပြာရည် အနည်းငယ် 
သကြား အနည်းငယ် 
Chili garlic sauce အနည်းငယ်


ပုံပါအတိုင်း ပုဇွန် လျော်ပြီးသာများကို အခွံခွာထားပါ ကြက်သွန်မိတ် ကြက်သွန်တို့ ကို လှီးထားပါ




ကြာဇံ ကို ပုံပါ အတိုင်း ရေစိမ်ထားပါ ပျော့လာ သည်အထိ ပျော့လာလျင် မီးဖို ပေါ်တွင် တင် လိုက်ပြီး စားလို့ ရတဲ့ အရွယ် အထိ တည်လိုက်ပါ 




ပြီး လျင် အောက် ပုံတွင် ပြထားသိအတိုင်း ဇကာနဲ့ စစ်ပါ အကြာကြီးမစစ်ပါနဲ့ ရေ နဲနဲကျန်လျင် သုတ်လို့ ပိုကောင်းလို့ ပါ ကြာဇံ ရလျင် ပုဇွန် ကြက်သွန် သံပုရာသီး အသားမှုန့်  သကြား ငံပြာရည် chili garlic
sauce  တို့ နဲ့ နယ် ပြီး ရင် စားကောင်းတဲ့ ပဲ ကြာဇံ သုတ်လေး ရပါပြီ။






ကြာဇံ ကို ပုဇွန် ကြက်သား နဲ့ ကြော်စားရအောင်



အခု ရက်ပိုင်း အရမ်း ကြော်သလို ဖြစ် နေတယ် ပထမ ညှပ်ခေါက် ဆွဲကြော် ခေါက်ဆွဲကြော် ကော်ပြန့် ကြော် နဲ့ အခု ကြာဇံကြော် ကြာဇံကြော် ကို အဆင့်ဆင့်မရိုက် ပြတော့ပါဘူး ခေါက်ဆွဲကြော်နဲ့ ဆင် နေလို့ ပါ

ကြာဇံကြော်ရန် လို အပ်သောပစ္စည်းများ
ကြာဇံ ခေါက်ဆွဲထုပ်ထဲ က အခေါက်ဆွဲ အရွယ် တထုပ်
ကြက်သား အရိုးမပါ ၁၀၀ဂရမ်
ပုဇွန် ၄ ၅ ကောင်
မုန် လာဥနီ တဝက်
မုန့် ညှင်းစိမ်း ၂ပင်
ကြက်ဥ တလုံး
ဆီ အနည်းငယ်
ခရုဆီ အနည်းငယ်
အသားမှုန့် အနည်းငယ်
ပဲ ငံပြာရည် အကြည် အနည်းငယ်
ကြက်သွန် ဖြူ တဥ နှစ် ဥ
မကြော်ခင် မှာ ကြက်သားကို ခရုဆီ အသားမှုန့်  ပဲ ငံပြာရည် အကြည် နဲ့ နယ်ထားပါ

ပထမ ဆီ အနည်းငယ် ထည့်ပြီး ကြက်သွန်ဖြူ ကိုဆီသတ်ပါ ပြီး လျှင် ကြက်သားကိုထည့်ပါ
ကြက်သား ကြက်ရင် ဖယ်ထားလိုက်ပြီး ကြာဇံ အခြောက် ကို ထည့်ပါ ပြီး မှ ရေ ကော်ဖီ ပုဂံလုံး
တလုံးလောက် ထည့်ပြီး ရင် ကြာဇံကို မွေ ပါ ကြာဇံပျော့ လာလျှင် ပုဇွန် ခွာထားတာထည့်ပါ မုန်လာဥနီ
ထည့်ပါ ခရုဆီ နဲ့ အသားမှုန့် ထည့်ပါ မွေပါ ပြီး ရင် ကြာဇံများကို တဖက်ထွန်း ပြီး ခေါက်ထားတဲ့ ကြက်ဥ
ထည့်ပါ ကြက်ဥ ကြက်ရင်ရောမွေပြီး ရင် စားကောင်းတဲ့ ကြာဇံ ကြော်ရပါပြီ။



Monday, July 9, 2012

အိမ်မှာ gathering လုပ်လို့ ကော်ပြန့် လေး လဲ ကြော် ပုဇွန် လေး လဲကြော်ပါတယ်



အိမ် မှာ gathering လုပ်လို့ ကော်ပြန့် ကြော် ပုဇွန် ကြော် ပါတယ် ပထမ ကော်ပြန့် ကြော်
ရန်လို အပ်တဲ့ပစ္စည်း

ပုံပါအတိုင်း ကော်ပြန့် ရွက် ၁၁ရွက် (ကျွန်မ တို့ စလုံးဈေး မှာ ဝယ်လို့ ရပါတယ် အရွက် အစိုကို ဝယ်မရ ရင် frozen ကော်ပြန့် ရွက် သုံးလဲရပါတယ်

ပုဇွန် အခွံခွာပြီး ၁၀ကောင်လောက်ကို နူပ်နူပ်ဆင်းထားပါ
မှို အနည်းငယ် ကြက်သွန်မိတ်အနည်းငယ်ကို လဲပါးပါးလှီး ထားပါ
ဥနီ တဥလောက် ကိုလဲ ပါးပါးလှီးပါ
ကုန်နေလို့ မပါတာပါ
ပဲပင်ပေါက် ၂၀၀ဂရမ်





ပထမ ပုဇွန် ကို ထည့်ကြော်ပါ ပြီးလျှင် မှို တို့ ပဲပင်ပေါက် ကြက်သွန်မိတ်တို့ ထည့် ပါ ခရုဆီ အသားမှုန့် ထည့်ကြော်ပါ နွမ်း တဲ့ အထိကြော်လိုက်ပါ ပြီး ရင် ဇကာ နဲ့ စစ်ထားလိုက် ပါ အရည်များ ကျန်လျှင်ကော်ပြန့် လိပ်လို့ မကောင်းပါ အဲဒီ စစ်တဲ့ပုံလေး ကို အောက်မှာပဲ ထည့်လိုက်မယ် ကော်ပြန့်  ရွက်ကို ရေညစ် ထားတဲ့သဘက် နဲ့ အုပ်ထားလိုက် ပါ ဒါဆိုရင် ပုံပါအတိုင်း လိပ်ပါ မည်။


 အခု လိပ်ပြီး သွားတဲ့ ကော်ပြန့် လေးများ ရပြီ ဆိုလျင် ဆီပူပူ မှာကြော်စားလို့ ရပါပြီ ကော်ပြန့် စိမ်း ဆိုရင် လိပ်ထားတဲ့ကော်ပြန့် များကို steam လုပ်လိုက် ပါ။

Wednesday, July 4, 2012

ခေါက်ဆွဲလေး ကြော်စားရအောင်




ခေါက်ဆွဲ လေးကြော်စားဖြစ်ပါတယ်
ခေါက်ဆွဲ ကြော်ရန်လို တဲ့ပစ္စည်းများ
ခေါက်ဆွဲ အဆို၂၀၀ဂရမ်
ပုဇွန် ငါးကောင်
မှို အနည်းငယ်
မုန်ဥနီ အသေးလေးတလုံး
မုန့် ညှင်းစိမ်း နှစ်ပင်
ကြက်ဥတလုံး
ခရုဆီ အနည်းငယ်
ပဲငံပြာရည်အကြည် အနည်းငယ်
ဆီအနည်းငယ်
ကြက်သွန်ဖြူ ၁ဥ ၂ဥ

ပထမ ပုံပါအတိုင်း ကြက်သွန်ဖြူ ကို ဆီသတ်ပြီး ခေါက်ဆွဲ ထည့်ပါ ဥနီပါးပါးလှီးထားတာပါထည့်ပါတယ်
ရေ အနည်းငယ် ထည့်ပါ



ပြီးလျှင် မုန့် ညင်းစိမ်း ထည့်
မှိုထည့်ခရုဆီ ပဲငံပြာရည် အကြည်ထည့်ပါ မွေပါ



 

ပြီး ရင် ပုဇွန်ထည့်ပြီး ထပ်မွေပါ ဆီ နည်းရင် ဆီနည်းနည်းထည့်ပါ ပုဇွန်ရဲလျှင် ခေါက်ဆွဲ များကိုတွန်းပြီး
ကြက်ဥခေါက်ထားတာ ထည့်ပါ ကြက်ဥ ကြက်လောက်လျှင် အားလုံးကို မွေပါ အသားမှုန့် အနည်းငယ်ထည့်ပါ ဒါဆို စားကောင်းတဲ့ ခေါက်ဆွဲကြော်လေး ရပါပြီ။

Tuesday, July 3, 2012

ကြက်ကြော်သုတ်လေး သုတ်စားရအောင်



ဒီနေ့ တော့ ကြော်ပြီး သားကြက်ကြော် ကို သုတ်စား ပါတယ် သိတ်လဲမခက်လို့ ဓါတ်ပုံအဆင့်ဆင့်
မရိုက် လိုက်ပါဘူး
ကြက်ကြော် အတွက် လိုအပ်တဲ့ပစ္စည်းများ

အရိုးထုတ်ပြီးသား ကြက် ပေါင် သား ၃၀၀ဂရမ်
ပြောင်းဖူး မှုန့် အနည်းငယ်
ဟင်း ချက်ဝိုင် တဇွန်း
ပဲငံပြာရည် အကြည် တဇွန်း
အသားမှုန့် အနည်းငယ်
ကြက်သား အတုံး လေးများတုံးပြီး အားလုံး နဲ့ နယ်လိုက်ပါ
ပြီး ရင် ဆီပူပူ တွင် ကြော်ပါ အနားရဲသည့် အထိကြော်ပါ

ကြော်ပြီး သာ ကြက်များကို အအေးခံပြီး
ဂျပန်သခွား သီး တလုံးပါးပါးလှီး
ခရမ်းချဉ်သီး ခပ်ရွယ်ရွယ် တလုံး
ကြက်သွန်နီ ၁ဥ ပါးပါးလှီး ကျွန်မ ကြက်သွန် နီကုန်လို့ မထည့်လိုက်ရပါဘူး
ငံပြာရည် အနည်းငယ် အသားမှုန့် အနည်း ငယ် သံပုရာသီး တို့ နဲ့ သုတ် စားရင် စားလို့ ကောင်း တဲ့
ကြက်ကြော်သုတ် ရပါပြီ။





Sunday, July 1, 2012

ဆီချက် ခေါက်ဆွဲ ထပ်လုပ် စားဖြစ် လို့  တင်ပြီး သာ ပို့ စ်လေးပါ ခေါက်ဆွဲ ပဲပြောင်းသွားတာပါ




ဒီ နေ့  လုပ်စား တဲ့ ဆီ ချက် ခေါက်ဆွဲ မှာ ခေါက်ဆွဲ က ကိုယ် လို ချင် တဲ့ ခေါက်ဆွဲဖတ်လေး ရလို့  ထပ်တင်ပေးလိုက်တာပါ ဆီ ချက် ခေါက်ဆွဲ လုပ် ရန် အကောင်းဆုံးခေါက်ဆွဲက တော့
ဂျုံ မှုန့် များ ဖြူးထားတဲ့ ခေါက်ဆွဲ အခြောက်ကို လုပ် ရင် အကောင်းဆုံးပါ မကြာခင် မှာ အဲဒီခေါက်ဆွဲ ထုပ် ပုံလေး ရိုက်တင်ပေးလိုက်ပါ့မယ်  အခု လုပ်နည်း ကတော့ တူတူ ပါပဲ     ပထမ ဆီချက် ခေါက်ဆွဲ
လုပ် ရန် ကြက်တခြမ်းကို ဂျင်း ၃ပြား ၄ ပြား လောက် ရယ် ယိုးဒယား ငံပြာရည် အနည်းငယ် အသားမှုန့် အနည်းငယ် တို့ နဲ့  ကြက် ကို နယ် ပြီး ပြုတ် ပါ ကြက်နူး ရင် အဖုံးလေး ဖုံးပြီး ထား ထားလိုက်ပါ ပြီးမှ အအေးခံပြီး ကြက်အသားနွင် ပါ ပြီး မှ အသားကို နူတ် နူတ်ဆင်းလိုက်ပါ။




ကြက် ကို ပြုတ် ပြီး ပုံ ပါ။



ခေါက်ဆွဲ ခြောက်ကို ရေ နွေး ပထမ ဆူအောင် တည်ပြီး ပုံ ပါအတိုင်း ဇကာ လေး နဲ့ ထည့်ပြီး ပြုတ် ပါ
တူ လေး နဲ့ နယ် ပါ ခေါက်ဆွဲ ပျော့ရင် ဇကာ လိုက် ဆယ် လိုက်ပါနော်။



ကြက်သွန် ဖြူ ၇မွာ လောက် ကို ပုံ ပါအတိုင်း နူတ်နုတ် ဆင်း ထားပါ။




ပြီး ရင် ဆီ ပူပူ တွင် ထည့်ပြီး ပုံ တွင် ပြထားတဲ့ အတိုင်း အရောင် လောက် ဖြစ် လာ ရင် မီးပိတ်လိုက်ပါ





ပဲ ငံပြာရည် အကြည် စားပွဲတင် ဇွန်း ၃ဇွန်း လောက်ရယ် ရေ စားပွဲတင် ဇွန်းတဇွန်း ရယ်အသားမှုန့် ရယ် ဖျော်ထားတာရယ် ဆီချက် ရယ် အသားနူတ်နူတ် ဆင်းထားတာရယ် ကြက်သွန်မိတ် လှီး ထား တာရယ် တို့ ပြင်ပြီး ရင် ဆီချက် လုပ် ရန် အဆင်သင့် ဖြစ် ပါပြီ။








ဆီချက် နှစ်ပွဲ စာ အတွက် ထည့် နယ် ပါ ပထမ ဆီ ၃ဇွန်းလောက် ထည့်ပြီး ပဲငံပြာရည် ဖျော်ထားတာကိုထည့် နယ် ပါ ပြီးမှ အသားဖြူး ဆီ ချက် ဖတ် ဖြူး ကြက်သွန်မိတ် ဖြူး ပြီး ရင်
ဆီ ချက် ရ ပါပြီ အချဉ်လေး နဲ့ တွဲ စားပါ ။



                          ပဲ ငံပြာရည် အကြည် ပုလင်း ပုံပါ။

Add caption