Tuesday, February 21, 2012

ပြည်ပလတာ လုပ်စားကြအောင်


ပြည်ပလာတာအားပေးကြပါအုံးနော
ချက်နည်းကတော့တော်တော်လွယ်ပါတယ်
ပထမကြက်သွန်အဖြူအနီကိုဟင်းချက်ငရုတ်သီးမှုန့် နနွမ်းမုန့် အနည်းငယ်နဲ့ 
ဆီ၃ဇွန်းလောက်ထည့်ပြီးဆီသတ်ပါမယ်ပြီးရင်ကြက်သားမှုန့် ဆားအနည်း
ငယ် မဆလာမှုန့် နယ်ထားတဲ့ကြက်သားအတုံးသေးသေးလေးတွေထည့်ပါမယ်
ပြီးရင်ရေထည့်ပြီးအိုးကိုအုပ်ထားလိုက်ပါကြက်နူးလောက်ရင်နွာထားတဲံ
အားလူးအတုံးလေးတွေထည့်ပြီးထပ်တည်ပါမယ်ဆီပြန်အောင်မထားရပါ
အိုးထဲတွင်ရေတဝက်လောက်မှာချပါမယ် မချခင်၃မီနစ်လောက်အလိုမှာ
မွေးပဲမှုန့် table spoon ၃ဇွန်းလောက်ကိုရေအနည်းငယ်ဖျော်ပြီးလောင်းထည့်
လိုက်ပါကြက်သားအားလူးအိုးထဲကိုပဲမှုန့် ထည့်ပြီးဆူရင်ရပါပြီအရသာအတွက်အသားမှုန့် ဆားပဲထည့်ပါ ငံပြာရည်မသုံးပါနဲ့ 
Frozen ပလာတာကိုဆီအနယ်ငယ်နဲ့ ဒယ်အိုးထဲမှာလုပ်ပြီး အပိုင်းသေးသေး
လေးတွေဖြစ်အောင်ကတ်ကျေးလေးနဲ့ ညှပ်ပါ
ကြက်သွန်အစိမ်း ကော်ဖီပါးပါးလှီး ပူစီနံ ငရုတ်သီစိမ်း သံပုရာသီးညုစ်ပြီး ပလာတာထဲကို
ကြက်သားအားလူးအရည်လောင်းထည့်ပြီးရင်စားလို့ ရပါပြီနော်
မွေးပဲမှုန့် အစားကုလားပဲကိုနူးအောင်ပြုတ်ပြီးထောင်းပြီး ရင် အရည်ရော အဖတ်ပါထည့်ပြီး ချက် ရင် ပို
စားကောင်းပါတယ် လုပ်စားကြည့်နော်

No comments:

Post a Comment