Tuesday, February 21, 2012

ရွေတောင်ခေါက်ဆွဲ လုပ်စားကြမယ်

လုပ်နည်း အဆင့်ဆင့် နောက် တခါလုပ်စားရင် ဓါတ်ပုံရိုက်ထားလိုက်မယ်နော်

































လုပ်နည်းလေးက
ပထမကြက်သားကို အသားတွေကြီးပဲအတုံးသေးသေးလေးတွေတုံးထားတယ် အရိုးကိုသပ်သပ်ငံပြာရည် အချိုမှုန့် နဲ့ ပြုတ်ထားတယ် ဟင်းချိုအတွက်ကော ချက်ထားတဲ့ကြက်သားဟင်းထဲကိုရောဖို့ ရော အသားတွေကြီးပဲတုံးထားတဲ့အသားတွေကို ငံပြာရည်အချိုမှုန့် နယ်ပြီး ၂၀မီနစ်လောက် marinade လုပ်ထားတာပေါ့နော် ပြီးမှ ဟင်းချက်ငရုတ်သီးမှုန့်  နနွမ်းမှုန့် တို့ နဲ့ ဆီသပ်ပြီး ရေထည့်တည်လိုက်တယ် 




ဆီပြန်အောင်ချက်လိုက်ပြီးမှ ကြက်ပြုတ်ရည် အိုးရဲ့တဝက်လောက်ထည့်လိုက်တယ်ကြက်သားချက်တဲ့ အိုး ကြက်သွန်တလုံးကို အလုံးကြီးရင် ၆စိပ် နဲ့ အလုံးသေးလျှင် ၄စိပ်စိပ်ပြီး ကြက်သွန် ၆လုံးလောက်ထည့်ပြီးတည်လိုက်တယ် ကြက်သွန်များနူး လျှင်ချလို့ လို့ ရပြီ ခေါက်ဆွဲကို အပြားလေးတွေ ဆီချက်လုပ်တဲ့ခေါက်ဆွဲမျိုး ထဲကို အရည်လောင်းထည့်ပြီး (စန္ဒ္ဒီကအရည်ကြိုက်လို့ အရည်ပိုထည့်တာ သူတို့ က အရည်ခပ်စပ်စပ်ပေါ့ ) ခေါက်ဆွဲအဝါလုံးကို ခေါက်ဆွဲခြောက်ကြော်လိုက်တာ သူကလည်းရွေတောင်ခေါက်ဆွဲမှာ အခါရာပဲ ချက်ထားတဲ့အုန်းဆီ ဆီချက် ငရုတ်သီးကြော် ကော်ဖီပါးပါး ကြက်သွန်စိမ်းပါးပါးလေး လှီးထည့်ပြီး 


အချဉ်ကြိုက် ရင်သံပုရာသီးလေးပါညစ်ထည့်လိုက်ပါ ဟင်းချို လေးကိုငရုတ်ကောင်း ခတ် ကြက်သွန်မိတ်ခတ်ပြီး တွဲစားရင် ရန်ကုန်မှာရောင်းတဲ့ တော်ဝင်နှင်းဆီ အိုဆာကာ တို့ မှာစားရတဲ့ရွေတောင်ခေါက်ဆွဲလေးလိုဖြစ်သွားတယ် ကြက်ပြုတ်ရည်အတွက်ဒီက ကြက်ပြုတ်ရည်ဘူးသုံးလိုက်တယ်

No comments:

Post a Comment