ကင်မချီ လုပ်ရန်လိုအပ်တဲ့ပစ္စည်းများ
မုန့် ညှင်း ထုတ် ၅၀၀ဂရမ်
sea salt လက်တဆုတ်
သကြားလက်ဖက်ရည်ဇွန်းတဇွန်း
ကိုရီးယား ငရုတ်သီးမှုန့်  စားပွဲတင်ဇွန်း ၂ဇွန်း
ကိုရီးယား ငံပြာရည် 40ml
ကြက်သွန်ဖြူ ၂ဥ ၃ဥ
ကြက်သွန် နီ တခြမ်း
ဂျင်းအပြားလေး ၂ပြား
ကြက်သွန်မိတ် ၂ပင်
ပထမကြက်သွန်ဖြူ နဲ့  ဂျင်းကိုထောင်းထားပါ
ကြက်သွန်နီ ကို အတုံးသေးသေးလေးများလှီးထားပါ
ကြက်သွန်မိတ်ကို တလက်မအရွယ်လေးများဖြတ်ပါ
ငရုတ်သီးမှုန့် ငံပြာရည် သကြား ကြက်သွန် အဖြူ ဂျင်း ကြက်သွန်နီ ကြက်သွန်မိတ်အားလုံးကို ရောပြီး
နယ်ထားပါ ။
လုပ်နည်း
ပုံပါအတိုင်း မုန့် ညှင်းထုတ်ကို ဆားတဝက် နဲ့ အရွက်အနံပက်ပေးထားပါ အရွက် တိုင်းဆားဝင်ပါစေ
၁နာရီခွဲ ၂နာရီလောက်ထားလိုက်လျင် အောက် ပုံ အတိုင်း အရွက် များ နွမ်းလာပါမည်
နွမ်း လာတဲ့ အရွက်များ ကို ကျန်ဆားတဝက်ထည့်ထားသော ရေ တွင် ၃နာရီ ၄ နာရီလောက်ဆိမ်ပါမည်
ပြီး လျင် အရွက် များကို ရေ နဲ့ ဆေးပြစ်ပြီး ရေ ခဏ စစ်ထားပါမယ် ပြီးမှ ဖျော်ထားတဲ့ ငရုတ်သီးအနှစ် ကို
အရွက် တိုင်းမှာ သုတ်ပါမည်
ပြီးရင် ရေခဲသေတ္တာထဲ မှာ ထားပြီစားပါ
ပုံမှာ sea salt
ကိုရီယား ငရုတ်သီးမှုန့် ပုံ
ကိုရီးယား ငံပြာရည် ပုံ
Thanks for sharing ..I will try to make it..(^_^)
ReplyDeleteမနေ့ကလုပ်ထားသေးတယ် မမစန္ဒီ ကင်ချီလုပ်တိုင်း အရမ်းကျေးဇူးတင်တယ် ချစ်မကို
ReplyDelete