ကောက်ညှင်း လုပ်နည်း တွေ ပဲ တင် နေဖြစ် တယ်
ဝက်သားကြိုက်တဲ့သူများဝက်သားနဲ့ ထုပ်လို့ ရပါတယ်
ကြက်သား ကောက်ညှင်းထုပ် ရန် လိုအပ်တဲ့ပစ္စည်များ
၃၀၀ဂရမ် ကောက်ညှင်းဆန်
၂၅၀ဂရမ်ကြက်သား အရိုးထုတ်ပြီးသား
မှို အခြောက် အနည်းငယ် ရေ စိမ်ထားပါ
ပုဇွန်ခြောက် အကောင် စားပွဲတင်ဇွန်း ၂ဇွန်း လောက်
ကြက်သွန် ဖြူ အနည်း ငယ်
ကြက်သွန်နီဥအသေးလေး ၁ဥ နှစ် ဥ
ကျွန်မကတော့ငှက်ပျော်ဖက်ပဲသုံးလိုက်ပါတယ်ရေနွေးစိမ်ပြီး
ဆီသုတ်လိုက်ပါတယ်
ဆား အနည်း ငယ်
ဆီ အနည်းငယ်
အသားမှုန့် အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ပဲ ငံပြာရည် အနောက် အနည်းငယ် တို့ နဲ့ ကြက်သား အတုံး လေးများတုံးပြီး နယ်ထားပါ ။
လုပ် နည်း
ကောက် ညှင်းဆန်ကို ရေ ဆေးပြီး ၂ နာရီလောက် ရေ စိမ်လိုက်ပါ
ပြီး ရင် ရေစစ်ထားပါ
ကြက်သား တို့ ချက် ပါပြီ ဆီ အနည်းထည့်ပြီး ပုဇွန် ခြောက် ကြက်သွန် အဖြူ အနီ တို့ ကို ထည့်ကြော်ပါပြီး ရင် နယ်ထားတဲ့ ကြက်သား ကို ထည့်ပါ မှို ကိုလဲ ထည့်လိုက်ပါ အရသာအဖြစ် အသားမှုန့် အနည်းငယ် ငရုတ်ကောင်းအနည်းငယ်ထည့်ပါ ဖက် ကို ယူပြီးကောက်ညှင်းလက်တဆုတ်လောက် ကို ထည့်အပေါက်လေးလုပ်ပြီး ကြက်သားအစာ ထည့်ပါ ပြီး ရင် အောက်မှာ ပုံပြထားတဲ့ အတိုင်း ကောက်ညှင်းကိုထုတ်ပါ ပြီးရင် ရေထဲထည့်ပြီး ပြုတ်ပါမည် ၁နာရီလောက် ပြုတ်ရင် စားကောင်းတဲ့ ကောက်ညှင်းထုပ် ရပါပြီ
ပုံမှာ ကောက်ညှင်း ရေ စစ်ပြီး သား နဲ့ ကြက်သား ချက်ပြီးသာ
ထုတ်ပြီး သာ ကောက်ညှင်းထုတ်များကို ရေထဲ ထည့်ပြုတ်ပါတယ်။
တနာရီလောက် ပြုတ်ပြီးတဲ့ အချိန်မှာ ဆယ်လိုက်ပါတယ်။
ရှယ်ပဲ မရေ
ReplyDeleteပလပ်စတစ် ကြီုးတွေမသုံးနဲ အစ်မရေ။။။
ReplyDeleteနှီးဝယ်သုံးပါ ပလပ်စတစ်မသုံးပါနှင့် ကျန်တာကောင်း
ReplyDelete