Wednesday, September 19, 2012

ကြက်သား ပဲ ရည် သုတ် လေး လုပ်စားရအောင်


ကြက် သား ပဲ ရည် သုတ် လေး လုပ် စား ဖြစ် ရ တဲ့ အကြောင်း ကတော့ သမီးကြီး က FB မှာကျွန်မ သိတဲံ
ညီမလေး တယောက် ရဲ cooking album ကြည့်ပြီး သူ စား ချင် တဲ့ အကြောင်း အမေ ကို ပြောလို့ 
ကျွန်မ လဲ မလုပ်ဖြစ် တာ ကြာ တဲ့ ကြက်သား ပဲ ရည် သုတ် လေး လုပ်စား ဖြစ ပါတယ်
စားလို့ ကောင်းလို့ လုပ်နည်း shrare လိုက်တာ ပါ

                                                  ကြက်သား ပဲ ရည်သုတ် လုပ်စား ရန် လိုအပ်တဲ့ပစ္စည်းများ


ကြက်ခြေ ထောက် ၃၀၀ဂရမ်
ကြက်တောင်ပံ ၂၅၀ ဂရမ်
ကြက်အမြစ် ၂၀၀ ဂရမ်
မဆာလာအနံပါတဲ့ စနွမ်း လက်ဖက်ဇွန်း တဇွန်း မောက်မောက်
ဆား လက်ဖက် ရည်ဇွန်း တဇွန်းမောက်မောက်
ကြက်သား အမှုန့် အနည်းငယ်
ဂျင်း လက်တဆစ် လောက် ကို အပြား လေးများ လှီး ထားပေးပါ
ပူစီနံ လက်တစုတ်
ကြက်သွန် အနီ နှစ်လုံး
ငရုတ်သီး စိမ်း ၅တောင့် ၆တောင့်
ငရုတ်သီး ခြောက် ထောင်းပြီး သား လေးကို ဆီ လေး နဲ့ အနည်းငယ်ချက်ထားတဲ့ ငရုတ်သီးကြော်
ကုလားပဲ မှုန့်  ပန်းကန်လုံးအသေး တလုံး နီး ပါ ရေနဲ့ ဖျော်ထားပါ အရသာနည်းနည်း ထည့်ပါ
                                       

                                       လုပ်နည်း

ပထမ ကြက်ခြေထောက် ကို သန့် သန့် ရှင်းရှင်း လုပ်ပြိး ဆနွင်း နဲ့ နယ် ပြီး တော့ဆားထည့်နယ် ပြီး
မီနစ် ၃၀ကျော် လောက် ထားလိုက် ပါ ပြီး မှ ကြက်တောင်ပံကို ထည့် ပြီး တည် ပါ အဖုံး အုပ်ပြိး တည်ပါ
နောက် ထပ် မီနစ် ၂၀ကျော် ထပ် တည်ပြီး မီး ပိတ်ပြီး ရင် အဖုံး လေး အုပ်ထား လိုက် ပါ
အသဲ အမြစ် ကို တခြား အိုး တလုံးနဲ့ တည် ပါမည် သူကို လဲ မဆာလာ အနံပါတဲ့ ဆနွင်း ရယ်ဆား ရယ် နဲ
နယ်ပြီး ပြုတ် ထား ပါ သူ က မီနစ် နှစ်ဆယ်လောက် ဆို နူး ပါပြီ

ဒါဆို ကြက်ခြေထောက် ကြက်တောင်ပံများ ကို ဆယ်ထားပါ ကြက်အသဲမြစ် ကို လဲ ဆယ်ထည်း ပါ
ပြိး ရင် ကြက်ခြေတောက် ကြက်တောင် ပံ ပြုတ်ထားတဲံ အိုး ထဲ ကိုပဲမှုန့် ဖျော်ထားတာ ကို လောင်းထည့်ပါ
အောက်မှ ပြထားတဲ့ပုံအတိုင်းပြစ်ပြစ် လေး ဖြစ် လာပါမယ် အရသာ ထည့်ပြိး ဆူ ရင် မီးပိတ်လိုက်ပါ
ဒါဆို တပွဲ စာပြင်ပါမယ် လှီးထားတဲ့ ကြက်အမြစ် များ ကြက်တောင်ပံ အရိုး  ထုတ်ထားတဲ့ အသားလေးများကြက်ခြေထောက် ရယ် အားလုံးကို ထည့်ပြိး ဂေါ် ဖီလှီးထားတာရယ် ကြက်သွန်ရယ် ငရုတ်သီး ကြော် ငရုတ်သီး စိမ်း အနည်းငယ် အားလုံးရောပြီး ရင် ပဲ ရည် ပူပူ ကို လောင်းထည့် လိုက်ရင် စားကောင်းတဲ့ ကြက်သား ပဲ ရည် သုတ် ရပါပြီ

 
ပုံ မှာ ပြုတ်ပြီး သား ကြက်ခြေ ထောက် ရယ် ကြက်အသဲ အမြစ် ရယ် ကြက်တောင်ပံ


              အောက် ပုံမှာ  သုတ် ဖို့ အဆင် သင့်ဖြစ် ပါပြီ


ပဲမှုန့် ထည့်ဖျော် ပြီး တော့ ပုံပါအတိုင်း အရည် ပြစ် ပြစ် ဖြစ် အောင် ချက် ပါ


Saturday, September 15, 2012

spicy honey chicken လေး ချက်စားရအောင်



ကျွန် မ သမီးလေး က ကုန်း ဘောင် ကြီး ကြော်ကြိုက်တယ် ကျွန်မ က spicy honey chicken ပိုကြိုက်တယ် သူ က တော့ အချို ကို အစပ်နဲ့ တွဲတာ မလိုက် ဘူး ဆို ပြီး ကျွန်မ အတွက်တော့ ဒီဟင်းလေးက အကြိုက်ဆုံး ဟင်းထဲ မှာ ပါ လို့  ချက်နည်း လေး share လိုက်ပါတယ်

                                Spicy Honey Chicken ချက် ရန် လိုအပ်တဲ့ ပစ္စည်းများ

                ကြက်ပေါင်အပေါ် ပိုင်း ၃ခု ကို တတုံးကို လေးတုံး ဆီ လောက် တုံးထားတာလေး များအရိုးမပါအောင် လှီး ရင် လဲ ရပါတယ်
                 ကြက်သွန် နီ ခပ်ရွယ်ရွယ် နှစ်လုံးကို ၄စိတ် စိတ်ပါမယ်။
                 ခရမ်းချဉ်သီး သေးသေးအလုံးလေး များ ၇လုံး ၈ လုံးလောက်
                 ငရုတ်သီး အခြောက်ထောင့် ၅တောင့် ၆ တောင့်
                 ပဲ ငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း တဇွန်း
                 ပဲ ငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
                 Honey စားပွဲတင် ဇွန်း တဇွန်း
                 အသားမှုန့် အနည်းငယ်
                 ဆား အနည်း ငယ်
                 ပြောင်းဖူးမုန့် အနည်းငယ်
                 cooking wine လက်ဖက်ရည်ဇွန်း တဇွန်း
                 ကြက်သွန် မိတ် အနည်း ငယ်  ကျွန်မ ကုန် နေ လို့ မထည့်လိုက်ရပါ

                                လုပ်နည်း

ပထမ ကြက်သား ကို cooking wine ပြောင်းဖူး မှုန့်  အသားမှုန့်  ပဲငံပြာရည် အကြည်တို့ နဲ့ နယ်
ပါတယ် ပြီး ရင် ဆီပူပူ မှာ ထည့်ကြော် ပါတယ် အရောင် နဲနဲ ရဲ လာ ရင် ဆယ် ထားပါမယ် ပြီး ရင် ငရုတ်သီး အခြောက် တောင့် ကို ကြော်ပါ ပြီး ရင် ဆီ များကို ဖယ် ပြီး ဆီ အနည်းငယ် မှာ ကြက်သွန် ခရမ်း ချဉ်သီး ကို ထည့် ချက် ပါ ကြက်သွန် နွမ်း ခရမ်းချဉ်သီး နဲနဲ ကြက်လာ လျှင် ပဲငံပြာရည် အနောက် ထည့်ပါ
ကြော်ထားတဲ့ကြက်သားထည့် ကြော်ထားတဲ့ ငရုတ်သီး အခြောက်တောင့် ထည့်ပြီး Honey ထည့် ပါ
ပြီး ရင် မွေ ပြီး ကြက်သွန်မိတ် ထည့်ပြီး ရင် စားကောင်းတဲ့ Spicy honey chicken  ရပါပြီ။

               



ကြော်ထားတဲ့ကြက်ကြော် နဲ့  ငရုတ်သီး အခြောက် တောင့်ပုံ


Wednesday, September 12, 2012

Chicken Teriyaki လေး ထပ်ချက်စားလို့ 


Chicken Teriyaki လုပ်ရန် လိုအပ်သောပစ္စည်းများ
ကြက်သားအရိုးထုတ်ပြီး ပေါင်သား ၃၀၀ဂရမ်
ဆား အနည်းငယ်
ငရုတ်ကောင်းအနည်းငယ်
cooking wine စားပွဲတင်ဇွန်းတဇွန်း အားလုံးကို ကြက်သား နဲ့ နယ်လိုက်ပါ

Teriyaki sauceလုပ်ရန်
Teriyaki sauce 1/2 cup
sugar 1tsp
cooking wine 1tbsp
water 3 tbsp
အားလုံးကို ပွတ်ပွတ်ဆူအောင် ၃မီနစ်လောက်တည်လိုက်ပါ

ပုံ မှာ ကြက်သား နယ်ပြီးသား နဲ့  မချက်ရသေး တဲ့ Teriyaki sauce ပါ




နယ်ပြီးသား ကြက်များကို Grill pan မှာဆီသုတ်ပြီး ကြက်အောင် ကင်ပါမည် မီးနည်းနည်း
နဲ့  ၁၀မီနစ် ၁၅မီနစ်လောက် ကင် ရင် ကြက်သားများ  ကြက်ပါပြီ 
ကြက်ပြီးသာ  ကြက်သားများကို ချက်ပြီး သား Teriyaki sauce လောင်းလိုက်ရင်စားကောင်းတဲ့
ဟင်းလေး တခွက် ရပါပြီ  လွယ် လဲလွယ် မြန်လည်းမြန်လို့ ချက် ကြည့်နော်။






Monday, September 10, 2012

မိတ်ဆွေ တယောက် ဆီက ရတဲ့ နည်လေးပါ spinach အသေး ကို bean flour နဲ့ ကြော်ပါတယ်

 
ကျွန်မမိတ်ဆွေ တွေ နဲ့  gethering လုပ်တော့ အဲဒီအိမ်က ကျွေးတဲ့ ထဲမှာ ဒီမုန့် လေး ပါတော့
ကျွန် မ က ထုံစမ်း အတိုင်း အဲဒါလေး ဘယ်လို ကြော်တာ လဲ ဆို ပြီး မေး တော့ သူက စိတ်ရှည်လက်ရှည်လုပ်နည်း ပြောပြတော့ ကျွန်မလဲ စမ်းကြော်ကြည့်ပြီး စားကောင်းလို့ လုပ်နည်း လေး ရေးလိုက်တာ ပါ။



                                      Spinach ပဲမှုန့် ကြော် ရန်လိုအပ်တဲ့ပစ္စည်းများ

                                 Spinach အသေး တစီးကို တဝက်ဝက်ပြီး အရိုးကို လှီးလိုက်ပြီး အရွက်များကိုလက်တစစ် စာ လေးများဖြတ်ပြီး လှီး ထားပါ
                           ကြက်သွန်နီ တဥ ကို လဲအတုံးသေးသေးလေးများတုံးပါ
                       ငရုတ်သီး အစိမ်း အကြီးတောင့် ၂တောင့်ကို ပါးပါးလှီး ထားပါ
                       ပျဉ်တော်သိမ် ၈ရွက် လောက် ကို နှစ်ပိုင်းဆီလောက်ပိုင်းထားပါ
                        အရသာအတွက် ဆား လက်ဖက်ရည်ဇွန်း တဝက်ကြော်ကြော်
                        အသားမှုန့် လက်ဖက်ရည်ဇွန်းတဝက်ထည့်ပါ
                       bean flour ပန်းကန်လုံးတလုံး မောက်မောက် ကျွန်မကတော့မုန့် ဖုတ် တဲ့ 1cup    150ml နဲ့  ချိန်ပါတယ်။ ရေ 80ml လောက်

                               လုပ်နည်း

အပေါ် က ပါဝင်တဲ့ပစ္စည်း များ အားလုံးကို ထည့်ပြီး ပျစ်ပျစ်ဖျော် ပါ baking soda လက်ဖက်ရည်ဇွန်း
ရဲ့ ၄ပုံတပုံလောက် လေး ထည့်ပြီး နယ် ပါ အားလုံးနယ်ပြီး ရင် ဆီ ကိုတည်ပါ ဆီ ပူလာလျှင် ပုံတွင် ပြထားတဲ့ အတိုင်းကြော်ပါ


                       



spinach ,ကြက်သွန် ရယ် ငရုတ်သီး ရယ် ပျဉ်တော်သိမ် ရယ် အားလုံးကိုလှီးထားတဲ့ပုံပါ





bean flour နဲ့ ပျစ်ပျစ် ဖျော်ထား တဲ့ ပုံ



ပြီး ရင် ဆီ ပူ ပူ တွင် ကြော်ပါ မယ်



Wet Market က India ဆိုင် က ဝယ်လာ တဲ့ bean flour ပါ


Sunday, September 9, 2012

ထမင်းပေါင်းလေး ထပ်လုပ်စားရအောင်


ထမင်းပေါင်း ထပ်လုပ်စားဖြစ် လို့ ဒီတခါ တော့ အိမ်မှာ ရှိတဲ့ အသီး အရွက် လေးများနဲ့ပဲ လုပ်စားလိုက်ရတာ ပါ ကျန်းမားရေး နဲ့ ညီညွတ်ပြီး စားလို့ ကောင်း လို့ လုပ်နည်း ထပ်ရေးပေးလိုက်ပါတယ်


                                    ထမင်းပေါင်း ၃ပွဲစာ အတွက် လို အပ်သောပစ္စည်းများ

                    မှို (ကိုယ် ကြိုက်တဲ့ မှို ထည့်လို့ ရပါတယ်) လက်တစုတ် လောက်
                    ဂျပန် သခွား သီး တခု ကို ၅ စိပ် လှီး ပြီး လေးခု ပြန်ထပ်စိပ်လိုက်ပါ
                    မုန့် ညှင်းစိမ်း ၃ပင် ကို တလက်မ အရွယ် ဖြတ်ထားတာလေးများ
                    ငုံ ဥ ပြုတ် ပြီးသာ ၉ လုံး
                    ကြက်သား ပေါင် တခြမ်းကို ဂျင်း ကြက်သွန်ဖြူ နဲ့ ပြုတ်ထား တာရယ်
                    ပုဇွန် ၇ကောင် ၈ ကောင် လောက်
                     ခရမ်းချဉ်သီး သေးသေး လေး ၇လုံးကို နှစ် စိပ် စိပ်ထားပါ


                             လုပ်နည်း

ပထမ ပြုတ်ပြီးသာကြက်သား ကို အသား အတုံလေး များ လှီး ပြီးဖယ်ထားပြီး ကြက်ပြုတ်ရည် ကို
ပြောင်းဖူး မှုန့်  စားပွဲတင်ဇွန်း တဇွန်း ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တဇွန်း အသားမှုန့် အနည်းငယ် ရေ ပန်းကန်လုပ် တဝက်လောက်နဲ့ ဖျော်ထားပြီး ကြက်ပြုတ်ရည် ထဲမှာ ကော်ရည် ချက်ထားပါ

ပြီး ရင် ကြက်သွန်ဖြူ နှစ် ဥ လောက် တပြား ရိုက်ထားတာကို ဆီ သတ် ပြီး ရင် သခွားသီးမှို မုန့် ညှင်းစိမ်း
တို့ ကို ထည့် အသားမှုန့် အနည်းငယ် ထည့်ပြီး ကြော်ပါ နဲနဲ နွမ်း ရင် ကြက်သားတုံးလေးများ ထည့်ကြော်ပါ
ပြီး ရင်ပုဇွန် ထည့် ပါ ပုဇွန် ကျက် ရင် မီးပိတ်လိုက်ပါ ဒါ ဆို ထမင်း ပေါင်း အတွက် အသီး အရွက် ကြော်ရပါပြီ

ပွဲ ပြင်ပါမယ် ပထမ ထမင်း ကို ပန်းကန် လုံးလုံးလေး ထဲ ထည့်ပြီး ကိုယ် စားမဲ့ပန်းကန်ထဲမောက်ပါ ပြီး ရင် ပန်းကန် လုံး တလုံးစာ အရွက်အသီး အရွက် အသားတွေ ရယ် ကော်ရည် တပန်းကန်လုံးစာ ရယ် ပူအောင် တည်ပြီး ထမင်းပေါ် လောင်းလိုက် ရင် စားလို့ ကောင်းတဲ့ ထမင်း ပေါင်း လေး ရပါပြီ

Thursday, September 6, 2012

ဂျပန်သခွား ပုဇွန် ချက် လေး ချက်စားရအောင်


ကျွန်မ တခါမှ သခွားသီး ကို ချက် မစားဘူး ပါ စာအုပ်တအုပ်မှာ ချက်ထားတာ တွေ့ လို့ ချက် စားကြည့်တာ အရမ်းစားကောင်းသွားလို့ ချက်နည်း လေး ရေးဖြစ်သွားတာပါ

                          ဂျပန် သခွားပုဇွန် ချက် ရန် လိုအပ်တဲ့ ပစ္စည်းများ

                       ဂျပန်သခွား ရှည်ရှည် ပိန်ပိန်သခွား သီး ၂လုံး    အစေ့နည်းပြီးတော်တော်စားကောင်းတယ်
                      ပုဇွန် ခပ်လတ်လတ် ရ ကောင် ၈ ကောင်
                      ကြက်သွန်ဖြူ ၂ဥ
                      ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၂ဇွန်း
                      သကြားအနည်းငယ် (အချိုကြိုက်ရင် မကြိုက်ရင် မထည့်လဲ ရပါတယ်)
                      အသားမှုန့်  အနည်းငယ်
                       ဆီ စားပွဲတင်ဇွန်း ၂ဇွန်း
                       နှမ်းဆီ အနည်းငယ်


                       ဂျပန် သခွား ပုဇွန် ချက် နည်း

          ပထမ ကြက်သွန်ဖြူ ကို တံပြားရိုက်ထားပါ ပြီး ရင် ဆီ တွင် အရင် အရောင် လေး ရဲ သည့်အ       ထည့်ကြော်ပါ ပြီး ရင် ဂျပန်သခွား တလက်မခွဲ အရွယ်လေးများ လှီးထားတာကို ထည့် ကြော်ပါ ပဲ   ငံပြာရည် အကြည်ထည့် ပါ  သခွား သီးလေးများ နဲနဲ နွမ်း လာမှ ပုဇွန် ထည့်ပါ ပြီး ရင် အသားမှုန့် ထည့်ပါ
   ပုဇွန် များ ရဲ ပြီး ကျက် လာရင် နှမ်း ဆီ အနည်းငယ် ဖြန်း ပြီစားလို့ ရပါပြီ သကြားဖြူး ရင် အသားမှုန့် ထည့်တဲ့ အချိန် နဲနဲ လေးဖြူးလို့ ရပါတယ်။
                   

Wednesday, September 5, 2012

ပြည်ကြီး ငါး ပဲ ငပိချက်လေး ချက်စားရအောင်





အင်မတန် အလုပ်များတဲ့ ကျွန်မ မှာ တခြားလူတွေ လို အလုပ်ရှိလို့ မဟုတ်ပါဘူး မုန့် ဖုတ်တဲ့ အလုပ်နဲ့များနေတာပါ  ပေါင်မုန့် ဆိုလဲ တခါနှစ်ခါ ဖုတ် ရုံနဲ့ မကျေနပ်နဲ့ ပဲ တနေ့ တကြိမ်လောက် ကိုဖုတ် ချင်နေတာ စမ်းသပ်နေတာ ဘယ်နည်းကောင်းလဲ ပေါ့ နောက်မှ ပဲ ပေါင်မုန့် လုပ်နည်းတချို ရေးလိုက်ပါ့မယ်  အခုတော့ ချက်စားဖြစ် တဲ့ ပြည်ကြီး ငါး ပဲ ငပိချက် လုပ်နည်း လေး ရေးပေးလိုက်ပါတယ်


                               
                    ပြည်ကြီး ငါး ပဲ ငပိချက် ရန် လို အပ်တဲ့ ပစ္စည်းများ
                   
                     ပြည်ကြီး ငါး ခပ်လတ်လတ်အရွယ် နှစ် ကောင် ကို အထဲက ပစ္စည်းများထုတ်ပြီး သန့်             ရှင်းရေး လုပ်ပြီး အကွင်းလေးများ လှီးထားပါ လှီး ပြီးသာ ပြည်ကြီး ငါးများကို ရေးနွေး ပူပူ မှာ ခဏ စိမ်ထားလိုက်ပါ ပြည်ကြီး ငါး အရည် ထွက် နဲ အောင် လုပ်တာပါ ပြီး ရင်စစ်ထားလိုက်ပါ
           ငရုတ်သီးအခြောက် တောင့် ၅တောင့်
            ငရုတ်ပွ တခု ကိုလေးထောင့်လေးများ လှီးထားပါ
            ခရမ်းချဉ်သီး ခပ် လတ်လတ်တလုံးကို ၆ စိပ်စိပ်ထားပါ
             ကြက်သွန်ဖြူ ၂ဥ ၃ဥ လောက်
            ပဲ ငပိ အချို သို့ မဟုတ် အငံ စားပွဲတင်ဇွန်း ၁ဇွန်းမောက် မောက် ကျွန်မ က black soya bean
             သုံးလိုက်ပါတယ်။
                       

  ဒါ ဆို ချက် ရအောင် နော် ပထမ ဆီ ယောက်ချို တဇွန်းစာလောက် မှာ ငရုတ်သီးအခြောက်တောင့်ကို
ေ ကြာ် ပါ ပြီး ရင် ဆီတဝက် လောက် ခပ်လိုက်ပြီး ကြက်သွန်ဖြူ တပြားရိုက်ထားတာကို ဆီထဲမှာ   ဆီသတ်ပြီး ပြည်ကြီးငါး ထည့်ပါ ပြီး ရင် ငရုတ်ပွ တောင့် လှီးထားတာ ထည့်ပါ အဖုံး ၃မီနစ်လောက် အုပ်ထားပြီး ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း တဇွန်း ထည့်ပါ ပဲငပိထည့်ပါ အသားမှုန့် အနည်းငယ်ထည့်ပါ ခရမ်းချဉ်သီးထည့် ပါ ပြီး ရင် အရောင် သိတ်မလှ ရင် ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း တဝက်လောက် ထည့်လိုက်ပါ ကျွန်မ က black soya bean သုံးလိုက်တော့ ပဲ ငံပြာရည်အနောက်ထည့်စရာ မလို တော့တာပါ ၁မီနစ် ၂မီနစ်လောက်ချက်ပြီး ရင် ငရုတ်သီးတောင့်ကြော်ထည့် ပြီး မွေ ပြီးရင် စားလို့ ကောင်းတဲ့ ဟင်းတခွက် ရပါပြီ။

Saturday, September 1, 2012

Chocolate loaf လေး ဖုတ် စားရအောင်

 

ကျွန်မ ဒီရက်ပိုင်းတွေ မှာမုန့် ဖုတ်တာနဲ့  ဘာမှက မတင် ဖြစ် ပါဘူး FB မှာတင် ရင် လဲ ပုံလေးတွေပဲ တင်ဖြစ် လို့ လုပ်နည်း မရေး ရသေးတာရယ် တခုပြီး တခု စမ်းနေလို့  ဒါနဲ့ ပဲ ဒီနေ့ တော့ Marbled Chocolate loaf လုပ်နည်း လေး ရေးပေးလိုက်ပါတယ်။

Marbled Chocolate cake လုပ်ရန်လို အပ်တဲ့ပစ္စည်းများ
ထောပတ် ၁၀၀ဂရမ် room temperature
cake flour 90 gm
baking powder 1tsp
100 gm of caster sugar
1tbsp coco powder
orange juice 2tsp
orange zest 1tbsp (Orange အခွံကို ခြစ်ထည့်ပါ)
ကြက်ဥ နှစ်လုံး
1tbsp of milk


ပထမ ထောပတ် ရယ် သကြားရယ် Orange zest ရယ် အားလုံးကို မွေစက်နဲ့  ခရမ် ဖြစ်တဲ့ အထိမွေပါ
ပြီး ရင် ကြက်ဥခေါက်ထားတာထည့်ပြီး ထပ်မွေ ပါ ပြီးမှ ဇကာစစ်ပြီး ရောထားတဲ့ ဂျုံနဲ့  baking powder ကိုရောထားတာကို ထည့်ပြိး သစ်သား ဇွန်း နဲ့ မွေ လိုက်ပါ Orange juice ပါထည့်မွေပါ
အားလုံးရောသွားရင် ဂျုံနှစ် ကို နှစ်ခု ခွဲလိုက် ပါ တခုကို အဖြူ အတိုင်း ထားပြိး နောက်တခုကို
နို့နဲ့ ဖျော်ထားတဲ့coco powderအမှုန့် ရေ ကို ထည့်ရောပါ ဒါဆို အဖြူ ရောင် နဲ့ အညိုရောင် ဂျုံ နှစ် ရပြီနော် ပထမ Oven ကို ၁၈၀ ဒီဂရီထားပြီး ချိန်ထားပါ အလျား၇လက်မ အနံ ၂လက်မခွဲလောက် ရှိတဲ့
ကိတ်ခွက်ထဲမှာ ပထမ အဖြူအနှစ်ကိုတဇွန်းထည့် ပြီး ရင် အညိုရောင် အနှစ်ကိုတဇွန်းထည့် အဲလို မျိုး အနှစ်များ ကုန်တဲ့ အထိ ထည့်ပြီး ရင် ခရမ်း လေး နဲ့ မွေ လိုက် ပါ ရောသွားအောင် ပြီး ရင် ထည့်ပြီး ဖုတ်လို့ ရပါပြီ မီနစ် ၃၀လောက်ဖုတ်ပါ ကိတ်ကျက် မကျက်ကို သစ်သား အတံ သို့ မဟုတ် သွားကြား ထိုးတံ နဲ့ အလယ်လေးကို ထိုးကြည့်ပါ ဘာမှကပ် မပါလာရင် ရပါပြီ


ဖုတ်ပြီးသွားတဲ့ ကိတ် ပုံလေး






အနှစ် ကို တခုပြီးတခုထည့်ပြီးနောက်ဆုံးမှာ ခရင်းနဲ့ မွေလိုက်ပါမယ်။