Wednesday, May 30, 2012

ဘဲသား ဟင်း နူးနူး လေး ချက် ကြရအောင်


ကြက်သား ဟင်း ချက် နည်းက ဘာမှမဟုတ်ပေ မဲ့ ဘဲသား ကြတော့ နဲနဲ လေး ခက်မလား လို့ ချက် နည်း
လေး ရှယ်လိုက်တာပါ တကယ်လဲစားကောင်းလို့ ပါ


ဘဲသား ဟင်းချက် ရန်လို အပ်တဲ့ပစ္စည်းများ
ဘဲတခြမ်းကို ခပ်ရွယ်ရွယ်တုံးထားပါ
ဆီ စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်နီ ခပ်ရွယ်ရွယ် ၃ဥ
ကြက်သွန်ဖြူ ၃ဥ
ဂျင်းလက်တဆစ်လောက်ကို အပြားလှီးပြီး
ငံပြာရည်အနည်းငယ်
ရှာလကာ ရည် စားပွဲတင်ဇွန်း ၃ဇွန်း
အသားမှုန့် အနည်းငယ်
ဆနွင်း မှုန့် အနည်းငယ်
ဟင်းချက် ငရုတ်သီး မှုန့်  စားပွဲတင် ဇွန်း မောက်မောက်



ပထမ ဘဲသားများကို ရှာလကာရည် ငံပြာရည် အသားမှုန့် တို့ နဲ့ နယ်ထားပြီး ၁၅မီနစ်လောက်ထားလိုက်ပါ




ပြီးရင် ပုံပါအတိုင်း ကြက်သွန် အနီအဖြူ ဂျင်း ထောင်းထားတာများကို ဆီသတ်ပါ ။







ပြီး ရင် ဘဲသားကို ထည့်လိုက် ပါ ရေ ကို ဘဲ သားများ ဖုံးတဲံ အထိ ထည့်ပေးလိုက်ပါ အရသာ အဖြစ်
ငံပြာရည် လေး နည်းနည်းထပ်ထည့်လိုက်ပါ။






ပုံ တွင် ပြသည့် အတိုင်း ရေထည့်ပါ ။





အဖုံး ဖုံး ပြီး တနာရီလောက် ချက် လိုက် ရင် ဆီ ပြန် သွား ပါပြီ စားလို့ ကောင်း တဲ့ ဘဲ သား ဟင်းနူး နူး
လေး ရ ပါပြီ ။






Monday, May 28, 2012

အားလူး ပုဇွန်လိပ်ကြော်



ရန်ကုန်ပြန်တော့ ရွေဘဲ မှာ စားခဲ့ ရတာ လေးကို ကြည့်ပြီး ကြော်ကြည့်တာပါ

အာလူး ပုဇွန်လိပ်ကြော် အတွက် လို အပ်တဲ့ပစ္စည်းများ(၁၅ခုစာ)
အား လူး ခပ်ကြီး ကြီး တလုံးခွဲလောက်
ပုဇွန် ခပ်ရွယ်ရွယ်လေးများ အကောင် ၁၅ကောင်လောက်
အသားမှုန့် အနည်းငယ်
ဆားအနည်းငယ်

ပထမ ပုံပါအတိုင်း အားလူးကို အခွံ နွာ ပြီး ခပ်ပါးပါး လေး ခြစ်လိုက်ပါ
ပုဇွန်ကို အခွံနွာ ပြီး အသားမှုန့် ဆား နဲ့ နယ်ပါ







ပြီး ရင် ပုံ ပါအတိုင်း ပုဇွန် ကို အားလူးထဲ ထည့်လိပ် ပါ ပြီးရင် သွားကြားထိုး ထံလေး နဲ့ ထိုးပြီး ဆီပူပူ
မှာ ကြော် ပါ စားလို့ ကောင်းတဲ့ အားလူး ပုဇွန်လိပ်ကြော်လေး ရပါပြီ။



Sunday, May 27, 2012

dessert egg pudding လုပ်စားရအောင်


ချဉ် ချဉ် ငံငံ စပ်စပ်လေး များချက် ပြီး လို့  ကလေး များလဲ ကြိုက် လူကြီးများ လဲ ကြိုက် နိုင် မဲ့
ပူတင်းလေး ဖုတ်စားရအောင် နော်

ပူတင်း ဖုတ် ရန်လို အပ်တဲ့ပစ္စည်းများ( ပူတင်း ၃ခုစာ အတွက်)
milk 200ml
2eggs
120gm of sugar
vanilla essence 1 tsp


ပုံမှာ ဖုတ် ရန်ပြင်ဆင် ထားတာပါ

ပထမ သကြား ၅၀ဂရမ်ကို ရေ 50ml ကို အရင် ကျိုပါ ပြီး ရင် ပူတင်း ခွက် လေး များ ထဲကို ထောပတ်
အရင်သုတ်ပြီး ရင် သကြားရေ အပြစ် ကို နဲနဲ ဆီ လောင်းထည့် ထားပါ ပြီး ရင် ပူနွေး တဲ့ နို့  ရယ်
ကြက်ဥ ရယ် ကျန် သကြား ရယ်ကို ခေါက် ပြီး ခွက် ရဲ့ ၄ပုံ ၃ပုံလောက် အရွယ် လောင်းထည့်လိုက်ပါ
၃ခွက် လုံးကို




ပြီး ရင် ပုံပါ အတိုင်း အလူမီနီယမ် စက္ကူ နဲ့ ပူတင်းခွက် လေး များကို ဖုံး ပြီးရင် 200  ဒီဂရီ C တွင်
ဗန်းကို ရေ အနည်းငယ်ထည့်ပြီး ၂၅မီနစ် ဖုတ်လိုက်ပါ




ဖုတ်ပြီး သွားတဲ့ ပူတင်းများ အအေး ခံပြီး ရင် စားမဲ့ ခွက် ထဲ ကို မှောက် ထည့်လိုက်ပါ
ကြိုက်ရာ အသီး နဲ့ တွဲစား ရင် စားကောင်းတဲ့ ပူတင်း ရပါပြီ ။




Friday, May 25, 2012

မကျီးရွက် ကြော်လေး ကြော်စား ရအောင်


ကျွန်မ တာဝန်မကျေသလို ဖြစ် နေတယ် အလုပ်များနေ လို့ ဟင်းများ မတင်ဖြစ် နိုင် တာခွင့်လွတ်ပါ
ဒီနေ့ တော့ ရန်ကုန်က ယူလာတဲ့ မကျီး ရွက် လေး ကို ကြော်စားဖြစ်ပါတယ် မကျီးရွက် မရ ရင်
မကျီးရွက် အစားကင်ပွန်းရွက် ကို လဲ ကြော်စားလို့ ရပါတယ်။

မကျီးရွက် ကြော်စားရန်လို အပ်တဲ့ပစ္စည်းများ
မကျီးရွက်  ၃၀၀ဂရမ်
ပုဇွန်ခြောက်မှုန့်  စားပွဲတင်ဇွန်း ၂ဇွန်း
ဟင်းချက် ငရုတ်သီးမှုန့်  စားပွဲတင်ဇွန်း တဇွန်း
ဆနွင်း မှုန့် အနည်းငယ်
ငံပြာရည် စားပွဲတင်ဇွန်း ၃ဇွန်း အပေါ့ အငံမြည်းပြီးထည့်ပါ
အသားမှုန့်  အနည်းငယ်
ငရုတ်သီး အကြမ်း မှုန့် (ငပိကြော်ရင်သုံးတဲ့ ငရုတ်သီး )စားပွဲတင်ဇွန်း မောက်မောက်တဇွန်း
ရေ 200ml
ကြက်သွန် အနီ ရွယ်ရွယ် နှစ်ဥ
ကြက်သွန်ဖြူ ၅မွာ
ဆီ စားပွဲတင် ဇွန်း ၄ဇွန်း ၅ဇွန်း


ပထမ ပုံ တွင် ပြထားသည့် အတိုင်း မကျီးရွက် ရယ် ဟင်းချက် ငရုတ်သီးမှုန့်  ဆနွင်းမှုန့်  ဆီ ကြက်သွန်
အဖြူ အနီ ထောင်းထားတာ ရယ်ရေ ရယ် ပုဇွန်ခြောက် ရယ်  တို့ ကို မီးဖို တွင် စတည်ပါ



၅မီနစ် ၆မီနစ် တည်ပြီး မွေ ပါ ပြီး ရင် ပုံပါအတိုင်း ငရုတ်သီး အကြမ်း မှုန့်  ကိုထည့် ပြီး ဆက်မွေ ပါ ဆီ လဲ
နည်းနည်းထပ် ထည့်ပေးပါ အရသာ အဖြစ် ငံပြာရည် အသားမှုန့် တို့ ထည့်ပါ







ပုံပါ အတိုင်း ရေ ခမ်း အောင် တည်ပါမည် ရေ များခမ်း ပြီး ခြောက် လာလျှင် မွေ နေပါ လုံးဝ ဆီလေး နဲ့ 
ခြောက်ခြောက် လေး ဖြစ် ရင် စားလို့ ကောင်းတဲ့ မကျီး ရွက်ကြော်လေး ရပါပြီ






Friday, May 18, 2012

သရက်သီး ငပိချက်လေး ချက်စားရအောင်


ရန်ကုန်က အပြန်မှာ မချစ်စု အစိမ်း အသီး များယူလာလို့  သရက်သီး ငပိချက်လေးချက်စားဖြစ်ပါတယ်
တခြား သရက်သီး အစိမ်း နဲ့ လဲချက်လို့ ရပါတယ်

သရက်သီး ငပိချက် ချက်စားရန်လိုအပ်တဲ့ပစ္စည်းများ
သရက်သီး ခပ်ရွယ်ရွယ် တလုံး
ငပိ အနည်းငယ်
ပုဇွန်ခြောက် စားပွဲတင် ဇွန်း ၄ဇွန်း
ဟင်းချက် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်းတဇွန်း
ဆနွင်း အနည်းငယ်
အသားမှုန့် အနည်းငယ်
ငံပြာရည် အနည်းငယ်


ပုံပါအတိုင်း သရက်သီးကို ဓါး နဲ့ ပေါက်ပြီးလှီး လိုက်ပါ




ဆီအနည်းငယ်ထည့်ပြီး သရက်သီး ပုဇွန်ခြောက် ငပိတို့ ကို ထည့် ကြော်ပါ





ဟင်းချက် ငရုတ်သီးမှုန့်  ဆနွင်း မှုန့်  ရေ အနည်းငယ်ထည့်လိုက်ပါ






သရက်သီး နွမ်းသည် အထိချက် ပါ ရေ လို ရင် လို သလို ထည့်ပါ
အရသာ ငံပြာရည် အသားမှုန့် ထည့်လိုက်ပါ
ဆီ လိုရင် နည်းနည်းထည့်ပြီး ခြောက်တဲ့ အထိ ချက် ရင် စားကောင်းတဲ့ သရက်သီး ငပိချက် လေး ရ
ပါပြီ။




Wednesday, May 16, 2012

ရန်ကုန်ရောက်တုန်း ကြော်စားခဲ့တဲ့ ငါးဖယ်ပုဇွန်ပြောင်းဖူးကြော်လေး


ငါးဖယ်ပုဇွန်ပြောင်းဖူးကြော် လိုအပ်တဲ့ပစ္စည်းများ

ရန်ကုန်ပြန်နေ လို့  ဟင်းများကို မတင်နိုင်တာပါ အခုရန်ကုန်မှာ ကြော်စားခဲ့တဲ့ဟာလေးကိုပြန်  share
လိုက်ပါတယ်
ငါး ဖယ် ခြစ် ၁၅၀ဂရမ်
ပုဇွန် အသေး အခွံနွာပြီးသား ၁၀၀ဂရမ်
ပြောင်းဖူး (sweet corn can ဗူး)ဗူး ရဲ့ သုံးပုံတပုံ
ပြောင်းဖူး မှုန့်  စားပွဲတင်ဇွန်းတဇွန်း
ဆား အနည်းငယ် အသားမှုန့် အနည်းငယ်



ပုံပါအတိုင်း သုံးမျိုးလုံးကို တပုံ ဆီ ပုံ ထားပြီး




အားလုံးကို နယ် လိုက်ပါ





ပြီး လျှင် ဆီပူ ပူ တွင် ထည့်ကြော်ပါ ဒါဆို စားကောင်းတဲ့ ငါးဖယ် ပုဇွန်ပြောင်းဖူး ကြော်လေး ရပါပြီ





Wednesday, May 2, 2012

အားလူးကတ်တလိတ်ကြော်စားရအောင်


ခရီး သွား ဖို့  ပစ္စည်းများ မထည့်ပဲ မိတ်ဆွေ တွေကို ဒီနေ့ ကြော်စားဖြစ်တဲ့ အားလူးကတ်တလိပ်ကြော်
နည်း လေး ရှယ် လိုက်ပါတယ်

အားလူး ကတ်တလိတ် လုပ်ရန်လိုအပ်သောပစ္စည်းများ

အားလူးပြုတ်ပြိး သားအလုံးကြီး ၃လုံး
ဂျုံမှုန့်  ၇၀ဂရမ်
ပေါင်မှုန့် ခြောက် ၁၀၀ ဂရမ်
ဆားအနည်းငယ်
အသားမှုန့် အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ဂျပန်ငရုတ်သီးမှုန့် အနည်းငယ်
ကြက်ဥ တလုံး
ပထမ ပြုတ်ပြီး သား အား လူးကို ခြေပြီး နယ်ပါ


ပုံပါအတိုင်း အားလူးကို ဆား အသားမှုန့်  ဂျပန်ငရုတ်သီးမှုန့် တို့ နဲ့ နယ်ထားပါ

ပုံမှာ ဂျုံမှုန့် ရယ် ပေါင်မှုန့် ခြောက် ရယ် ကြက်ဥရယ် ကို ကြော်ဖို့ အဆင်သင့်လုပ်ထားတာပါ







အာလူးများကို ပုံပါအတိုင်း ပုံလေးများလုပ်လိုက်ပြီး ရင် ဂျုံမှုန့် နဲ့ လှိမ့် ကြက်ဥ နှစ် ပေါင်မှုန့် ခြောက် ကပ်ပြီး ရင် ဆီပူပူမှာ ကြော်လိုက်ရင် စားကောင်းတဲ့ အားလူး ကတ်တလိတ်လေးတွေ ရပါပြီ ။