Saturday, March 31, 2012

FB ညီမ လေး ကျော့ကျော့ နည်းနဲ့ မတ်ပဲကြော် ပါတယ်



ကျွန်မ က မတ်ပဲ အရမ်းကြိုက်တော့ ကြော်နည်းသိချင်နေတာ FB က ညီမလေးကျော့ ဆီက နည်းရလိုက်ပါတယ် ဒါကြောင့် ရှယ် လိုက် တာပါ  ပထမ မတ်ပဲ ကြော်ဖို့ အတွက် ပထမ ပုံ ပါအတိုင်း ပဲ
(မတ်ပဲ ကြော်ရန်ပဲ) ၂၅၀ဂရမ် ကို ရေ ၆နာရီလောက် စိမ်လိုက်ပါ ။






URID DHALL WHOLD 250gm ကို ရေ စိမ် ထားတဲ့ ပုံ








၆နာရီ ကြာ ရေ စိမ်ထားသောပဲ များကို လက် သို့ မဟုတ် ဇွန်း နဲ့  ခပ် ပြီး ပုံ ပါ အတိုင်း ကြိတ် ပါ





ကြိတ် ပြီးသာ ပဲ များ ကို ကြက်သွန် နီ အလုံး ကြီး တလုံး ဂျင်း လက်တဆစ်ကို ခြစ်ထည့်မည် ကြက်သွန် ကို
   ပါးပါး လှီးး ထည့် မဆလာတဇွန်း ဆား အနည်းငယ် အသားမှုန့် အနည်းငယ် လက်ဖက် ရည် ဇွန်း ဝက်
   ဆား ဆိုဒါ အားလုံးကို နယ်ပြီး ၁၀မီနစ် ၁၅မီနစ်လောက်ထားလိုက်ပါ။




ပဲ ကို လက် နဲ့ အဝိုင်းပြားလေး လုပ်ပါ ပြီး မှလက်ညိုး လေး နဲ့ အပေါက် ဖေါက် လိုက် ပြီး ဆီပူ အောင်
 တည် ထား တဲ့ အိုး ထဲ ကို ထည့် ကြော်ပါ နီညိုရောင် သန်း တဲ့ အထိ ကြော်ပါ ပဲ အနှစ် ကို ယူ တိုင် လက်
  နှစ် ဖက်လုံးကို ရေ စွတ် ပါ  ဒါဆို စားလို့ ကောင်းတဲ့  မတ်ပဲ ကြော်လေး ရ ပါပြီ




Friday, March 30, 2012

ရွေတောင် ခေါက်ဆွဲ ဒီတခါ တဆင့်ပြိး တဆင့် ရိုက် ထားလိုက်ပါတယ်







ပထမ ကြက်သား ၄၀၀ဂရမ် လောက် ကို ငံပြာရည် အသားမှုန့် အနည်းငယ်နဲ့ နယ်ထားလိုက်ပါ
ပြိး ရင် ဟင်းချက် ငရုတ်သီး မှုန့် စားပွဲတင်ဇွန်း တဇွန်း မောက် မောက် ရယ်ဆနွင်းရယ် နဲ့ ဆီသတ်ထားလိုက်
ပါ  ပြိးရင် ရေ ထည့်ပြီး ကြက်နူး တဲ့ ဆီ မပြန် ခင် ရေ နဲ နဲ ကျန်တဲ့ အချိန် ကြက်သားအိုးကို ပိတ်ထားလိုက်
ပါ ကြက်သား တုံးများ အေးလာရင် အသားနွင် ထားလိုက်ပါ ပြီး ရင် အဲဒီ အိုးထဲပဲ အသားများကိုထည့်လိုက်ပါ





ပုံပါ ခေါက်ဆွဲ ခြောက် ထုပ်ထဲက ခေါက်ဆွဲ ခြောက် များကို ဆီပူပူ မှာ ကြော်လိုက်ပါ  ကြက်သွန်ဖြူ ဆီချက်
လေး လဲ ချက်ထားလိုက်ပါ ငရုတ်သီး အကွဲ ခြမ်းလေးများကို လဲ ဆီ နဲ နဲ နဲ့ လှော်ထားလိုက်ပါ



ပုံပါအတိုင်း ကြက်သားများ နွင်ထားတာကို ဆီပြန် တဲ့ ထဲကို ထည့်ပြီး ရေ ထည့် ကြက်သွန် နီ ၃လုံး လောက် လောက်ကို လေးစိပ်တုံးပြီးထည့်ပြီး ရေ မပြစ် မကျဲ အချိန် ကြက်သွန် နူး လျှင် ရွေ တောင် ခေါက်ဆွဲ ဟင်း ရည် ရပါပြီ



ခေါက်ဆွဲ ကို အပြားအခြောက် ထုပ် ဝယ် ပြီး ရေ နွေးဆူဆူမှာ ပြုတ်လိုက်ပါနော် ရွေတောင် ခေါက် ဆွဲ
အတွက် အုန်း ဆီ လဲ ချက် လိုက်ပါနော် ဂေါ်ဖီ လှီး ထားပါ သံပုရာသီး ဆီချက် ငရုတ်သီးကြော် ဒါဆို ပွဲ ပြင်
လို့ ရပါပြီ ပဲမှုန် အကျက်မှုန့် လေး လဲပါတယ်နော်။


Thursday, March 29, 2012

ွှပဲပြုတ် ဖေါက် ဖြစ် တယ် အဆင် ပြေသွားလို့  share လိုက်တာပါ




ပဲ ပြုတ် ကို အမတွေ ညီမတွေ FB မှာ ဖေါက် ကြတော့ သူတို့ တွေ ရဲ့ နည်း လေးတွေ အားလုံးကို ပေါင်းပြီး ကိုဟာကိုယ် စမ်းသပ် မိတယ် ပထမ စတော်ပဲ ကို မြန်မာ ပလာဇာ က နေ ဝယ်လာပါ တယ် 200gm ကို
ရေ နဲ့ တည် စိမ် လိုက်ပါတယ် မနက် ရောက်တော့ ရေ စစ် ပြီး စတီးဇလုံ ထဲတွင် ရေဆိုတဲ
  သဘက် အသေးလေး နဲ့ ဖုံး ထားလိုက်ပါတယ် တနေ့ လုံး ၃ နာရီ တခါလောက်သဘက် လေးကိုရေစွတ်
ပေးလိုက်ပါတယ် အဲ လို နဲ့  တနေ့ နဲ့ တညထားလိုက်ပါတယ် အဲဒီ အခါ အခုလို အညှောင့်အရှည်လေးတွေထွက် လာပါတယ်




 အညှောင့် ထွက် လာ တဲ့ ပဲ များကို slow cooker ကို ထည့် ပြီး ထန်းလျှက် အ
လုံးခပ် ကြီး ကြီး နှစ်လုံး
ရယ် ဆား ဆိုဒါ လက် တစစ်လောက် ရယ် ဆား ဇွန်းသေး တဇွန်းလောက် ထည့် ရေ 300ml လောက် ထည့်
   ပြီး တည် ပါတယ် အဖုံးလေး ဖွင့်ပြိး ပဲ နူး မနူးကြည့်ပေးပါ မီနစ် ၃၀လောက် ပေါင်း ပြီး ရင် ရ ပါပြီရေ လုံးဝ နည်း ပါး မရှိ တော့ရင် ပဲ လုံးလေး များ လဲ အလုံးပုံ မပျက် နူးပြီ ဆိုရင် ရပါပြီ



ဒါ ဆို အခု လို အလုံး လေး လဲမပျက် နူးလဲ နူးတဲ့ ပဲ ပြုတ် လေး ရပါပြီ အိုးထဲမှ ဇွန်း ကြီး နဲ့ ခပ်ယူပြီး
ဇကာ လေး နဲ့ စစ် ထားလိုက် ရင် အခုလို စားလို့ကောင်းမဲ့ ပဲပြုတ်လေး ရ ပါပြီ



Wednesday, March 28, 2012

ပုဇွန် ငပိချက် လေး ချက်စားရအောင်



                            ပထမ ပုဇွန် 300gm ကို သန့် ရှင်းပြီး ငံပြာရည် လေး နဲ့ နယ် လိုက်ပါ


     ကြက်သွန်ဖြူ ဆီ သတ်ပြီး ဟင်းချက် ငရုတ်သီးမှုန့်  ဆနွင်းမှုန့် တို့ ထည့်ပါ ပြီးရင် ပုဇွန်ခြောက်ထည့်
  ငပိဇွန်းသေးတဇွန်းထည့် အသားမှုန့် လေး ထည့်ပါ ငပိကြော် သလို မျိုး ဖြစ်လာရင်



ပုဇွန် ထည့် ပါမယ် ပြီး ရင် ကြက် သွန် အကွင်းလှီးထား တာလေး များကို ထည့်ပါမယ် ပုဖွန် ကျက်
ကြက်သွန် ကျက်လောက် လျှင် ပဲ ဟင်း သို့ မဟုတ် ချဉ် ပေါင်းဟင်း ချဉ်ရည်ဟင်း များ နဲ့ တွဲစား ရင် စားလို့ ကောင်း လို့  လွယ် တဲ့ ဟင်းလေး ပေမဲ့ စားကောင်း လို့  share လိုက်တာပါ။






Tuesday, March 27, 2012

ကြက်သား ဆေးဘဲဥ ပေါင်း လေး လုပ်စားရအောင်







        ပထမ ကြက်သား mince (or) Pork mince 200gm ကို ဟင်းချက် ဝိုင် ပဲငံပြာရည် အကြည် နှမ်းဆီ အနည်းငယ် သကြား အသားမှုန့်  ဆေးဘဲ ဥ တလုံး အတုံးလေးများ လှီးပြီး နယ်ထားပါ







                     ဆေး ဘဲဥ နဲ့  ဆားဘဲ ဥ ပုံပါ



နယ် ပြီးသား အသားများကို ပုံ လုပ်ပြီး ဆားဘဲ ဥ အနှစ် ကို ယူပြီး အတုံးလေးတွေ ကို အသားနယ်ထားတဲ့
အလုံး လေးပေါ် တင် ပါ မယ် ပြီးရင်  steamer  ထဲမှာ ၁၅မီနစ်လောက် ပေါင်း လိုက်ပါ






                                ဒါဆို စားလို့ ကောင်းတဲ့ အသားပေါင်း လေး ရပြီနော်

Monday, March 26, 2012

ကြက်ကင်လေး နဲ့ တူ တဲ့ ကြက်ကြော် စားရအောင်



 ပထမ ကြက် ကီလိုဝက် နီးပါးလောက်ကို ဟင်းချက် ဝိုင် တဇွန်း ခရုဆီ ပဲငံပြာရည်အကြည် အသားမှုန့် ပြောင်းဖူး မှုန့် တို့ နဲ့ နယ် ပြီး နာရီဝက် လောက်ထားလိုက်ပါ


ပြီးရင် ဆီ အရမ်းမပူ ခင်မှာ ထည့်ကြော် လိုက်ပါ ပုံပါအတိုင်း ရဲရဲ လေးများ ဖြစ် သည် အထိ ကြော်ပါ





                              စားကောင်းတဲ့ ကြက်ကင် နဲ့ တူ တဲ့ ကြက်ကြော်လေး ရပါပြီ

Sunday, March 25, 2012

Stir fry pork belly with Soya Bean sprouts ချက်ကြရအောင်




ပထမဝက်သား သုံးထပ်သား 300 gm, ခရုဆီ  1tbsp,light soya sauce 1tbsp,dark soya sauce 1/2 tsp
chinese cooking wine အားလုံး ကို ဝက်သား မထူ မပါး လှီးထားတဲ့ အတုံးလေးများနဲ့ နယ်ပါမယ်




 ပုံ ပါပုလင်းလေး မှာ ထည့် ချက် ရန် အတွက် လို တဲ့   soya salted bean paste ပါ



ဆီ အနည်းငယ်မှာ ကြက်သွန် ဖြူ ဥနှစ်လုံးလောက် လှီးထားတာလေး များကို ဆီသတ်ပြီး soya salted bean paste လေး လဲ၁ဇွန်းလောက် ထည့် ဆီသတ်ပါ
     ဝက်သားကို ပါ ကြော်ပါမယ် အနားလေးများရဲ သည်အထိဟိုဘက် ဒီဘက် လှန် ပြီး ကြော်ပါမည်






 ပြီးရင် ပုံ ပါအတိုင်း ဝက် သားကို နူး ရန် ရေ လက်ဖက် ခွက် တဝက် လောက် ထည့်လိုက် ပါမယ်




ငရုတ်သီး အစိမ်း အလတ်တောင့် ၂တောင့် ရယ် ငရုတ်သီး အသေး အစပ် တောင့် နှစ်တောင့်လဲမထူးမပါး
    လှီးထည့်လိုက်ပါ ဝက် သား နူးပြီး အရည် စပ်စပ်လေး ကျန် တဲ့ အချိန် မှာ ပဲပင်ပေါက်ကို ထည့်လိုက်ပါ


 ပြီးရင် ၁မီနစ်လောက် အတွင်းချလိုက် ရင် စားလို့ ကောင်း တဲ့ ဝက်သား ပဲပင် ပေါက် ကြော်လေး ရပါပြီ

Saturday, March 24, 2012

ပုဇွန် မဆလာချက် ရအောင်




 ပထမ ပုဇွန် ၇နှစ်ကောင် ၈ ကောင်ကို အခွံခွာ သန့် ရှင်း ရေးလုပ်ထားလိုက်ပါ ပြီး ရင်  ကြက်သွန် နီ တဥ ခရမ်း ချဉ် သီး ၃လုံး နံနံပင် တို့ ကို အတုံး လေး များလှီးထားလိုက်ပါ ပုဇွန်ကို ဆား အနည်းငယ် အသားမှုန့် အနည်းငယ် နဲ့ နယ်ထားလိုက်ပါ





ပထမ ကြက်သွန် ဖြူ ဂျင်း အနည်းငယ် တို့ ကို ဆီ သတ်ပြီး မှ ပုံပါအတိုင်း ကရဝေး ရွက် ၃ရွက် လောက် ရယ် ခရမ်း ချဉ်သီး ကြက်သွန် နီ နံနံပင် တို့ ကို ပုံပါအတိုင်းချက် ပါ ရေ အနည်းငယ် ထည့်ပေးပါ ခရမ်း ချဉ်သီး ကြေ သည် အထိ မဆလာ နံနံမှုန့် ထည့် ပါ




အနှစ် ရလျှင် ပုဇွန် ထည့်ချက် ပါ အရသာ ကို မြည်း ပြီး ထည့်ပါ ဒါဆို စားကောင်းတဲ့ ပုဇွန် မဆလာချက် လေး ရပြီ

Friday, March 23, 2012

ကြက်အူချောင်း ကြက်ဥ ကြာဇံကြော် လေး ကြော်စားရအောင်

       
ကက်အူချောင်း ကြာဇံ ကြော် (တဆင့် ချင်း ဓါတ်ပုံ မရိုက် မိတာ အလုပ်များသွားလို့ ပါ)

 လိုအပ်တဲ့ ပစ္စည်းများ
ကြက် ဥ ၃လုံ့း
တရုတ် ကြက်အူချောင်း ၁ချောင်း
ကြာဇံ ရေ စိမ်ထားတာ တခေါင်း(ကြာဇံပြုတ်ထုတ်ထဲက )
မုန် လာဥနီ ပါးပါးလှီးထား
ကြက်သွန်မိတ် ၅ပင် တလက်မ အရွယ်ဖြတ်ထားပါ
  

ပထမ ကြက်အူချောင်း ကို ပါးပါး လှီးပြီး ဆီ မှာကြော်ထားလိုက်ပါအနားလေး ရဲသည်အထိ
ပြီးရင်ဆယ်ထားလိုက်ပါ
ဆီအနည်းငယ်နဲ့  ရေစိမ်ထားတဲ့ ကြာဇံ ရယ် ဥနီရယ်ကို ကြော်ပါ 
ပဲငံပြာရည် လေး အနည်းငယ်ထည့်ပါ 
ကြက်ဥ ၃လုံးကို ခေါက်ထားပါ အသားမှုန့် ထည့်ပါ

ကြာဇံ နဲ့  မုန် လာဥနီ ကျက်လျှင် ကြက်ဥ ထည့်ပါ အရမ်းခြောက် အောင် မကြော်ပါနဲ့
အိုး ချရင် ကြက်သွန် မိတ် ခတ်လိုက်ပါ ငရုတ်ဆီနဲ့ တွဲ စား လျင် စားကောင်းလို့ 











ကြက်သားဖက်ထုပ်လေး ကြော်စားရအောင်

Add caption




chicken mince ကို ခရုဆီ ပဲငံပြာရည်အကြည် နှမ်းဆီ အနည်းငယ် အသားမှုန့် အနည်းငယ်တို့ နဲ့ 
နယ်ပြီးနာရီဝက် လောက် အအေးထဲမှာထားလိုက်ပါ ပြီးမှ ကြက်သွန်မိတ် မှို အနည်းငယ်လှီးထည့်ပြီး





ပုံပြထားတဲ့ အတိုင်း ဖက်ထုပ်ရွက် ထဲ ကို ဇွန်းအသေးလေး နဲ့ ထည့်လိုက်ပါ





 ပြီးရင် ပုံပါတိုင်း စုစုလေး လုပ်လိုက်ပါ



ဒါဆို ခုလို ဖက်ထုပ် ပုံလှလှ လေးများရပါပြီ ပြီးရင် ဆီပူပူ ဆီများများ နဲ့ ကြော်ပါမည် ဒါဆို စားကောင်း တဲ့
ဖက်ထုပ်ကြော်လေးရပြီနော်





Thursday, March 22, 2012

အစိမ်းကြော် လေး စားရအောင်



 ပထမ အစိမ်းကြော် ရန် ဘူးမှို အနည်းငယ် button mushroom အဖြူ ရောင် ကော်ဖီပန်းပွင့် အနည်းငယ် ပဲတောင့် ရှည် မုန်လာဥနီ အားလုံးကို အရွယ်တော် လေးများလှီးထား ပါမယ် ပဲပြားကို အတုံးသေးလေး တွေလှီး ပြီး ဆီထဲ မှာ ကြော်ထား ပြီး သူ ကို လဲ အစိမ်းကြော်ထဲ ထည့်ပါမယ် ကြော်ရန် sauce လေး ဖျော်ထားပါမယ် ပါဝင် သည်များမှာ ခရုဆီ ဇွန်း ကြီးတဇွန်း ပဲငံပြာရည် အကြည် တဇွန်း အသားမှုန့် အနည်းငယ် ရေ၂ဇွန်းလောက်နဲ့ ဖျော်ထားပါ။


 စကြော် ပါမယ် ပထမကြက်သွန် ဖြူ ကို အရင် ကြော်ပါ အရောင် နည်းနည်း ရဲ လာရင် အသီးအရွက် များကို ထည့်ပါမည် ရေ အနည်းငယ် ဖြန်း ထည့်ပါ ပြီး ရင် ဖျော်ထားတဲ့ sauce ကိုထည့်ပါမည်




ပြီးရင် ၃မီနစ် လောက် အဖုံး ဖုံးထားလိုက် ပါ ချခါနီးမှာ ကော်မှုန့် လက်ဖက်ရည်ဇွန်း လေး ကို ရေ နဲ့ ဖျော်
ထည့် လိုက်ပါ ဒါဆို စားကောင်း တဲ့ အစိမ်းကြော် လေး ရ ပြီနော်

Wednesday, March 21, 2012

ရန်ကုန် အလွမ်းပြေ ပဲကပ်ကြော် ကြော်စားရ အောင်

 ဒါဆို ရန်ကုန် အလွမ်း ပြေ ပဲကပ်ကြော် လေး ရပါပြီ စမ်းကြော်ကြည့်နော်
 ပြီးရင် ဇွန်းလေး နဲ့ တခု ကို နှစ်ဇွန်းလောက် ခပ်ပြီး ဆီ များများ ဆီ ပူပူ မှာ ကြော်ပါမယ်

ပထမ ပဲကပ်ကြော် ဖို့ ကုလားပဲ ကို ၅နာရီလောက် ရေစိမ်လိုက်ပါတယ် ပြီးမှ ရေစစ်ပြီး ကြော်ရန်အနှစ် စပ်ပါမည် ကောက်ညှင်းမှုန့်  ၂ဆ ဆန်မှုန့် တဆ self rasing flour တဆ ဆားဆိုဒါ အနည်းငယ် ရွေ ကြည်မှုန့်  လေး လက်ဖက်ရည်တဇွန်း လောက် ရယ် အားလုံးကို ရေ နဲ့ ပြစ်ပြစ် ဖျော်ပါမယ် ပြီးရင်ပဲ ရောထည့်ပါ။

Monday, March 19, 2012

ငါးဆန်ပြုတ်လေး ပြုတ်သောက်ကြမယ်

ပထမဆန်တခွက်ခွဲ ကို ရေ သုံးဆထည့်ပြီး slower cooker ထဲ မှာ မီနစ် ၂၀လောက် ချက်ပါမယ်မွေပေးပါ
ပြီးရင်လှီးထားတဲ့ငါး အစိမ်း လေးများကိုထည့်ပေးပါမယ် ဂျင်းလဲ တခါထဲ ထည့်ပါမည်
အခုလို ပုံပါအတိုင်း ငါးလေးတွေနဲ့ ဆန်ပြုတ် ရပါပြီ ရေကို ပြစ်ရင်ထပ်ထည့်ပေးလိုက်ပါ အရသာကိုဆား နဲ့ အသား မှုန့်  ထည့်ပါမယ်
ဒါဆိုဆန် စိပျောက်တဲ့ ဆန်ပြုတ်လေး ရပါပြီ ငရုတ်ကောင်း အီကြာကွေး ငါးခြောက်လေး မြေပဲ ကြက်သွန်မိတ်လေး နဲ့ စားရင် အရမ်းကောင်းပါတယ်။