Wednesday, February 29, 2012


ဒီနေ့ သမီးနှစ်ယောက်ကသူတို့ သူငယ်ချင်းတွေလာမယ်ပေါ့ဘာလုပ်ကျွေးရင်
ကောင်းမလည်းစဉ်းစာရင်းကိုယ့်ရိုးရာမုန့် လုပ်ကျွေးလိုက်မယ်ဆိုပြီးငုံဥနဲ့ 

မုန့် အုပ်လေးလုပ်လိုက်တာပါ စားကြပါအုံးနော်
သူတို့ သူငယ်ချင်းထဲကဘိုမလေးက Aunty Yummy Yummy ဆိုပြီး how to
do ဆိုပြီးလိုက်မေးနေလို့ ဝမ်းသာသွားတယ် ကိုယ့်ရိုးရာမုန့် ကိုကြိုက်တယ်ဆို
လို့ ... လုပ်နည်းကတော့ ဒီတခါလွယ်လွယ်ကူကူပဲ rice flour ၄ဇွန်း မောက်
မောက် ပဲမှုန့် အစိမ်းမှုန့် တဇွန်းမရှိတရှိ နဲ့ ကြက်ဥတဝက် ဂျင်းနည်းနည်း

ခြစ်ထည့် အသားမှုန့် နည်းနည်းဆားနည်းနည်း နဲ့ ရေ မပြစ်မကျဲဖျော်ပြီး
ရန်ကုန်ကဝယ်လာတဲ့အိုးလေးနဲ့ ဆီအရင်အိုးထဲထည့်ပြီးဆီပူလောက်မှ
မုန့် ရည်ကိုခွက်လေးတွေထဲတဝက်လောက်ထည့်ပြီးငုံဥတလုံးဆီဖေါက်
ထည့်ပြီး ပဲပြူတ်နဲ့ ကြက်သွန်မိတ်ဖြူးလိုက်ပါတယ်ငုံ ဥအနှစ်ကြက်လောက်ရင်ဆယ်လိုက်ပါတယ် မုန့် ကိုဟိုဘက်ဒီဘက်မလန်
ပါဘူးတဘက်တည်းပဲထားလိုက်ပါတယ်..ဒါဆိုစားကောင်းတဲ့ မုန့် လေးရပြီ

ပုဇွန်အသားပေါင်း (Siew mai) လုပ်စားကြမယ်



ပုဇွန် အသားပေါင်းလေးလုပ်စားကြမယ်

လိုအပ်တဲ့ပစ္စည်းများ
wanton skin အချပ် ၁၀ခု
ပုဇွန် 200gm
ကြက်သားနူတ်နူတ်စင်းထားတဲ့အသားလက်တစုတ်စာလောက်
မုန် လာဥနီ တဝက်
ကြက်သွန်မိတ်အနည်းငယ်
ကြက်ဥ တလုံး အကာပဲ ယူရန်
ကော်မှုန့်  တဇွန်း
နှမ်းဆီ အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ပဲငံပြာရည် တဇွန်း
ခရုဆီတဇွန်း

လုပ်နည်း
ပုဇွန်ကို လဲ နူတ်နူတ်စင်းထားပါ
ပြီးလျှင် ပါတဲ့ပစ္စည်းအားလုံးကိုနယ်ပါမည်
ပုံပါအတိုင်း
ပြီးလျှင် ရေ ခဲသေတ္တာထဲ ကို နာရီဝက်လောက် ထည့်ထားလိုက်ပါ
ပြီးမှထုတ်ပြီး wanton skin ထဲကိုဇွန်းလေးနဲ့ ခပ်ပြီးထည့်ပါ
လက်ဖဝါးလေးပေါ်မှာ တင်ထားပါအပြားလေးကို ပြီးမှ
အောက် ဖက် လေး ကို ညှစ် ပြီး အပေါ် တွန်းတင်လိုက်ပါ ဒါ ဆို အဆင်ပြေတဲ့
Siew mai လေး ရပါမည်

ပြီးမှ steamer ထဲကို ထည့်ပြီး ၁၀မီနစ်လောက်ပေါင်းလိုက်ပါ
မထည့်ခင် အသားပေါင်းထုတ်ထား တဲ့ wontan skin လေးများကို
ဆီလေးအနည်းငယ်သုတ်ပေးလိုက်ပါ

ဒါဆိုစားလို့ ကောင်းတဲ့ပုဇွန် အသားပေါင်း ရပြီနော်

Sunday, February 26, 2012

ကြက်သား Roast လေးလုပ်စားပါတယ်


ဒီနေ့ တော့ နေ လဲသိတ်မကောင်းတာနဲ့ ဘာချက်ရင် ကောင်းမလဲ စဉ်စားလိုက်တဲ့
အခါ Chicken roast လေးလုပ်စားမယ်ပေါ့

လိုအပ်တဲ့ပစ္စည်း
ကြက်သားတကောင် (ကျွန်မကတော့ တုံးပြီးသာလေးတွေကိုပဲလုပ်လိုက်ပါတယ်)
သံပုရာသီးတလုံး
ကြက်သွန် နီဥကြီး တလုံး
ကြက်သွန်ဖြူ ၆မွာလောက်
ဥနီ ၃ဥ
အားလုံး ခပ်ရွယ် ရွယ် လေးလုံး
အခွံမနွာပဲ အားလုံးကို ပုံပါအတိုင်းလှီးထားလိုက်ပါ

လုပ်နည်း
ကြက်သွန်ဖြူအခွံနဲ့ ကို တပြားရိုက် ထားလိုက်ပါ
ပြီးလျှင် ကြက် အကောင်လိုက်ထဲ သို့ သွတ်ထည့်ထားပါ
ကြက်တကောင်လုံးကို သံပုရာသီးညှစ် ပြီး သုတ်ထားပါ
ဆားအနည်းငယ် ငရုတ်ကောင်းအနည်းငယ် အသားမှုန့် အနယ်ငယ်နဲ့
ကြက်ကို သုတ်လိမ်းပါနာရီဝက် လောက် ခဏထားထားပါ
ပြီးလျှင် ကြက်သွန် နီ ဥနီ အာလူး အားလုံးကို လှီးပြီး ကြက် ပေါ် ဖုံးလိုက်ပါ

Olive oil နဲ့ ကြက်ကို သုတ်လိမ်းပါ
နာရီဝက် ထားပြီး ရင် Pre heart Oven 200ဒီဂရီ C မှာ ၁နာရီလောက်ထားလိုက်ပါ
အသားများနူးလာလျှင် စားလို့ ရပြီနော်

အော်ကွေ့ ကြည် လုပ်စားကြမယ်





သိတ်လဲ မခက်ပဲ စားလို့ ကောင်းတဲ့ အော်ကွေ့ ကြည်လေး လုပ်စားရအောင် နော်

လိုအပ်တဲ့ ပစ္စည်းများ

ရွေ ပရုံသီး 200gm
rice flour 120gm
topiroca flour 2 table spoon
ပုဇွန် ခြောက် အကောင် or အမှုန့် နည်းနည်း
ကြက်သွန် နီ ကြော် နှစ်ဇွန်းလောက်
ဆားအနည်းငယ်
အသားမှုန့် အနည်းငယ်
ရေ 250ml

လုပ်နည်း

ပထမ ရွေဖရုံသီးကို ၁၀မီနစ်လောက် ပျော့အောင် ပေါင်းပါ
မပျော့က ခြစ် လို့ မရပါ။ ပြီးလျှင် ပုံပါအတိုင်း
ဆန်မှုန့် ရေ topiroca အမှုန့် အား လုံးကိုဖျော်ပါ
ရွေ ဖရုံသီးကို ခြစ် ထည့်လိုက်ပါ
ပြီးလျှင် ပုဇွန် ခြောက် ကြက်သွန် ကြော် တို့ ပါရော နယ်ပါ အရသာများထည့်ပါ
ပြီးမှ ပုံပါတဲ့ အတိုင်း ရွေဖရုံသီး ဖျော်ထားတဲ့ အရည် ရပါမည်
ထို အ ခါ 2"X4" ရှိတဲ့ လေးထောင့် ခွက် လေးထဲ ထည့်ပြီး
ပုံပါ အတိုင်း ပေါင်းအိုးထဲ ထည့်ပေါင်းလိုက်ပါ
၁၅မီနစ် လောက် ကြာလျှင် ရပါပြီ အအေးခံ ပြီး အတုံးများလှီးပါ
ပြီးမှ ကိုယ် လို ချင် တဲ့ ပုံစံ မျိုး လှီး ပြီး အိုးကပ် ကြော်လိုက်ပါ
အချဉ် ရည် ရယ် ထန်းလျှက် ရည် လေး ဖျော်ပြီး တို့ စား ရင် စားကောင်းတဲ့ အော်ကွေ့ ကြည် ရပါပြီ ။

Saturday, February 25, 2012

ဖက်ထုပ်လေး လုပ်မယ်






ဖက်ထုပ် ၁၀ခုစာလုပ်နည်း

wheat flour 41gm ,water 23gm ရောပြီးနယ်
ပါအလုံးလေးရပြီဆိုပန်းကန်တခုထဲထည့်ထားပါ
wheat flour 50gm ,boiled water 26gm ကိုလည်းရောပြီးနယ်ပါနောက်
ဂျုံတလုံးရပါပြီ ဂျုံနှစ်လုံးပေါင်းပြီးနယ်လိုက်ပါနာနာနယ်ပြီးရင်မီနစ်၃၀
လောက်ထားပြီးရင် roller နဲ့ တော်တော်ပြားပြားလေးဖြစ်အောင်လှိမ့်ပြီး
အပြားကြီးရမှစတီးအဖုံးလေးတခုနဲ့ အဝိုင်းလေးတွေလုပ်ပြီးအစာထည့်ပါ
အစာ အတွက် chicken mince ,မှို ,ပဲရွက်,ဂျင်းကိုပါးပါးလှီး ပဲငံပြာရည်အကြည်အနည်းငယ် ငရုတ်ကောင်းအနည်းငယ်ကြက်သားမှုန့် 
အနည်းငယ်ထည့်ပြီးနယ်ပါအစာရပါပြီ အစာထည့်ပြီးရင်Dumpling ကိုဆီအနည်းငယ်မှာအရောင်ရအောင်ကြော်ပြီးရေထည့်ပြီးအုပ်ထား
လိုက်ပါရေကုန်လျှင်အရသာရှိတဲ့ Dumpling ရပြါ

Friday, February 24, 2012

ငါးခေါင်းဟင်းလေးချက်မယ်

ငါးခေါင်းဟင်း ချက်နည်း

ပထမ ငါးခေါင်း ကို တခြမ်းအပြားလိုက်ကြီးကို ငံပြာရည် နည်းနည်းနဲ့ နယ်ထားလိုက်ပါတယ် ပြီး မှ ဟင်းချက်မှုန့် ရယ် ချင်း လက်တဆစ်လောက်ကိုပါးပါးလှီးပြီး ဆီ နှစ်ဇွန်းလောက်နဲ့ ဆီသတ်
ပြီးမှ ငါးခေါင်းကိုထည့်ပြီး ရေ 3cup လောက်ထည့်ပြီး အဖုံး ဖုံးပြီး ၁၀မီနစ်လောက်တည်လိုက်ပါတယ် chicken cube အတုံးလေးတတုံးလောက်ကို ပြုတ်တဲ့ထဲ ကို ထည့်လိုက်ပါတယ် တော်တော် ဆူတဲ့ထဲ ကို ပဲပြားအတုံး ခရမ်းချဉ်သီး အတုံး လေးတွေ မှို တို့  မျှစ်တို့ အားလုံးအတုံးလေး တွေ တုံးပြီးထည့်ပါပြီးလျှင် နောက်ထပ် ၁၀မီနစ်လောက် တယ်လိုက်ရင် ရပါပြီ
စားကောင်းတဲံ ဟင်းလေးမို့ ချက်စားကြည့်နော်

Thursday, February 23, 2012

ပန်းသေးခေါက်ဆွဲ လုပ်စားဖြစ်ပါတယ်

ပန်းသေးခေါက်ဆွဲ

ပထမ ကြက်သားကို မဆလာ ဆား ဂျင်း ကြက်သွန်ဖြူ ထောင်းထားတာလေးရယ် ဆားအသားမှုန့် 
နယ် ပြီး နာရီဝက်လောက်ထားလိုက်ပါတယ်ပြီးမှ
ခရမ်းချဉ်သီးကို အနှစ် ရအောင် စက်ကလေးနဲ့ ခြေထားလိုက်ပါတယ်
ဒါဆို ဆီသတ်လို့ ရပါပြီ ကြက်သွန် အနီ အတုံးသေးသေးလေးတွေကှိုဆီသတ်ပြီး ဟင်းချက် မှုန့် 
မဆလာ အနည်းငယ်ထပ် ထည့် ခရမ်းချဉ်သီး အနှစ်ထည့် ပုံပါအတိုင်း အားလုံးကို ဆီသတ် လိုက်
ပြီးမှ ကြက်သားထည့် ပြီး ရေ ထည့် ပြီးလျှင် တည်ထားလိုက်ပါ
ပုံပါအတိုင်း ကြက်လဲနူး ရေ လဲ အဲဒီလောက် ကျန် ရင် ချလိုက်ပြီး
အဖုံးလေးဖုံးပြီး နာရီဝက် လောက်ထားလိုက်ပါ

ပြီးလျှင် ခေါက်ဆွဲ ကို ပဲငံပြည်ရည် အနောက် ထည့်ပြီးကြော် ပါ
ကော်ဖီ နဲ့ ဥနီထည့်ကြော်ပါမည် ခေါက်ဆွဲ အခြောက် သုံးရင် တော့
ရေ ဆိမ် ပြီးကြော် ပါ ပြုတ်ကြော်လျှင် သိပ်ပျော့ သွားပါလိမ့်မယ်
ကျွန် မကတော့ အစိုကြော်ပါတယ်

ခေါက်ဆွဲ နဲနဲ ပျော့ရန် ရေ အနည်ငယ် ဖြန်း ကြော်ပါ ပြီးမှာ ကြက်သားအရည် ထည့်
ထပ် ကြော်ပါ မဆလာလေးနည်းနည်း ဖြန်းလိုက်ရင် အနံ မွေးပြီးစားကောင်းသွားပါမယ်

ကြက်ဥ ကို အိုးတအိုးနဲ့ မကျက်တကျက် ကြော်ပြီး ခေါက်ဆွဲ ပေါ် ဖုံးလိုက် ပါ
ငရုတ်သီးမှုန့် သံပုရာသီးလေးညစ်စားနော်

ဒါဆို ပုံအတိုင်းစားကောင်းတဲ့ ပန်းသေးခေါက်ဆွဲ ရပြီနော်

ကြက်သားကိုမဆလာနဲ့ ချက်ပြီး ကြက်အရည်နဲ့ ခေါက်ဆွဲကိုကြော်လိုက်ပါတယ်ပထမ ပန်းပွင့် ဥနီ ခရမ်းချဉ်သီး တို့ ကို
အရင်ကြော်ပြီးခေါက်ဆွဲထည့်ပါ ပဲငံပြာရည်အနောက်ထည့်ပြီးအရသာသာနည်းနည်းထည့်ပြီးကြက်ရည်ထည့်
ပါ နောက်ဆုံးဘေးမှာကြက်ဥကြော်လိုက်ပါတယ် ငရုတ်သီးမှုန့် ဖြူးပြီ သံပုရာသီးညစ်ပြီးစားရင်စားလိုက်ရင် စားကောင်းတဲ့ ပန်းသေးခေါက်ဆွဲ ရပြီနော်







Tuesday, February 21, 2012

ရွေတောင်ခေါက်ဆွဲ လုပ်စားကြမယ်

လုပ်နည်း အဆင့်ဆင့် နောက် တခါလုပ်စားရင် ဓါတ်ပုံရိုက်ထားလိုက်မယ်နော်

































လုပ်နည်းလေးက
ပထမကြက်သားကို အသားတွေကြီးပဲအတုံးသေးသေးလေးတွေတုံးထားတယ် အရိုးကိုသပ်သပ်ငံပြာရည် အချိုမှုန့် နဲ့ ပြုတ်ထားတယ် ဟင်းချိုအတွက်ကော ချက်ထားတဲ့ကြက်သားဟင်းထဲကိုရောဖို့ ရော အသားတွေကြီးပဲတုံးထားတဲ့အသားတွေကို ငံပြာရည်အချိုမှုန့် နယ်ပြီး ၂၀မီနစ်လောက် marinade လုပ်ထားတာပေါ့နော် ပြီးမှ ဟင်းချက်ငရုတ်သီးမှုန့်  နနွမ်းမှုန့် တို့ နဲ့ ဆီသပ်ပြီး ရေထည့်တည်လိုက်တယ် 




ဆီပြန်အောင်ချက်လိုက်ပြီးမှ ကြက်ပြုတ်ရည် အိုးရဲ့တဝက်လောက်ထည့်လိုက်တယ်ကြက်သားချက်တဲ့ အိုး ကြက်သွန်တလုံးကို အလုံးကြီးရင် ၆စိပ် နဲ့ အလုံးသေးလျှင် ၄စိပ်စိပ်ပြီး ကြက်သွန် ၆လုံးလောက်ထည့်ပြီးတည်လိုက်တယ် ကြက်သွန်များနူး လျှင်ချလို့ လို့ ရပြီ ခေါက်ဆွဲကို အပြားလေးတွေ ဆီချက်လုပ်တဲ့ခေါက်ဆွဲမျိုး ထဲကို အရည်လောင်းထည့်ပြီး (စန္ဒ္ဒီကအရည်ကြိုက်လို့ အရည်ပိုထည့်တာ သူတို့ က အရည်ခပ်စပ်စပ်ပေါ့ ) ခေါက်ဆွဲအဝါလုံးကို ခေါက်ဆွဲခြောက်ကြော်လိုက်တာ သူကလည်းရွေတောင်ခေါက်ဆွဲမှာ အခါရာပဲ ချက်ထားတဲ့အုန်းဆီ ဆီချက် ငရုတ်သီးကြော် ကော်ဖီပါးပါး ကြက်သွန်စိမ်းပါးပါးလေး လှီးထည့်ပြီး 


အချဉ်ကြိုက် ရင်သံပုရာသီးလေးပါညစ်ထည့်လိုက်ပါ ဟင်းချို လေးကိုငရုတ်ကောင်း ခတ် ကြက်သွန်မိတ်ခတ်ပြီး တွဲစားရင် ရန်ကုန်မှာရောင်းတဲ့ တော်ဝင်နှင်းဆီ အိုဆာကာ တို့ မှာစားရတဲ့ရွေတောင်ခေါက်ဆွဲလေးလိုဖြစ်သွားတယ် ကြက်ပြုတ်ရည်အတွက်ဒီက ကြက်ပြုတ်ရည်ဘူးသုံးလိုက်တယ်

ပြည်ပလတာ လုပ်စားကြအောင်


ပြည်ပလာတာအားပေးကြပါအုံးနော
ချက်နည်းကတော့တော်တော်လွယ်ပါတယ်
ပထမကြက်သွန်အဖြူအနီကိုဟင်းချက်ငရုတ်သီးမှုန့် နနွမ်းမုန့် အနည်းငယ်နဲ့ 
ဆီ၃ဇွန်းလောက်ထည့်ပြီးဆီသတ်ပါမယ်ပြီးရင်ကြက်သားမှုန့် ဆားအနည်း
ငယ် မဆလာမှုန့် နယ်ထားတဲ့ကြက်သားအတုံးသေးသေးလေးတွေထည့်ပါမယ်
ပြီးရင်ရေထည့်ပြီးအိုးကိုအုပ်ထားလိုက်ပါကြက်နူးလောက်ရင်နွာထားတဲံ
အားလူးအတုံးလေးတွေထည့်ပြီးထပ်တည်ပါမယ်ဆီပြန်အောင်မထားရပါ
အိုးထဲတွင်ရေတဝက်လောက်မှာချပါမယ် မချခင်၃မီနစ်လောက်အလိုမှာ
မွေးပဲမှုန့် table spoon ၃ဇွန်းလောက်ကိုရေအနည်းငယ်ဖျော်ပြီးလောင်းထည့်
လိုက်ပါကြက်သားအားလူးအိုးထဲကိုပဲမှုန့် ထည့်ပြီးဆူရင်ရပါပြီအရသာအတွက်အသားမှုန့် ဆားပဲထည့်ပါ ငံပြာရည်မသုံးပါနဲ့ 
Frozen ပလာတာကိုဆီအနယ်ငယ်နဲ့ ဒယ်အိုးထဲမှာလုပ်ပြီး အပိုင်းသေးသေး
လေးတွေဖြစ်အောင်ကတ်ကျေးလေးနဲ့ ညှပ်ပါ
ကြက်သွန်အစိမ်း ကော်ဖီပါးပါးလှီး ပူစီနံ ငရုတ်သီစိမ်း သံပုရာသီးညုစ်ပြီး ပလာတာထဲကို
ကြက်သားအားလူးအရည်လောင်းထည့်ပြီးရင်စားလို့ ရပါပြီနော်
မွေးပဲမှုန့် အစားကုလားပဲကိုနူးအောင်ပြုတ်ပြီးထောင်းပြီး ရင် အရည်ရော အဖတ်ပါထည့်ပြီး ချက် ရင် ပို
စားကောင်းပါတယ် လုပ်စားကြည့်နော်

အားလူး ကိတ်

အာလူးကိတ် TV မှလာသောချက်ကြီးတယောက်ဆီကနည်းပါ အားလူးကိုပြုတ်ထောင်းပြီးမှအစာသွတ် အိုးကပ်ကြော်လိုက်ပါတယ်
သူတို့ ကအစာကို cheese ထည့်ပါတယ် ကျွန်မကတောမကြိုက်လို့ ကြက်သွန်ရယ်မဆာလာရယ်ငရုတ်သီး မှုန့ ဆနွင်းရယ်ကိုဆီနည်းနည်းနဲ့ ကြော်ပြီးထည့်လိုက်ပါတယ် အားလူးကပ်လျှင် ပေါင်းဖူးမှုန့် လေးအနည်းငယ်ထည့်လိုက်ပါတယ် ။
ကြက်သားလေးနဲ့ ချက်လိုက်တယ် ဝက်သားနဲ့ လဲချက် လို့ ရတယ် နော် ကြက်သားကလည်းအိမ်မှာတောင်ပံပဲရှိလို့ တောင်ပံလေးတွေနဲ့ ပဲချက်လိုက်ပါတယ် ပထမကြက်သားကို ရေနွေးဆူဆူထဲမှာ ဆားအနည်းငယ် အသားမှုန့် အနည်းငယ်တို့ နဲ့ နယ်ပြီး ၅မီနစ်လောက်ထည့်ပြုတ်လိုက်ပါတယ် ပြီးမှချက်မဲ့အိုးထဲမှာ ဆီတဇွန်းထည့်ပြီး ဂျင်း လက်တဆစ်လောက်ကို အပြားလိုက်ပါးပါးလှီး ပြီး ငရုတ်ကောင်း သကြားစားပွဲတင်ဇွန်းတဇွန်းတို့ ဆီသတ်လိုက်ပြီး မှ ပဲငံပြာရည်အနောက် တဇွန်း အကြည် ၃ဇွန်း ခရုဆီတဇွန်း cooking wine လက်ဖက်ရည်ဇွန်းတဇွန်း ထည့်ပြီး ကြက်သားနဲ့ ကြက်ပြုတ်ရည်ပါလောင်းထည့်ပြီး မီနစ် ၃၀လောက်တည်လိုက်ပါတယ် အရည် ၃ပုံ၁ပုံကျန်ပြီးဆိုရင် မီးပိတ်လိုက်ပြီး အဖုံးပိတ်ပြီး ၁နာရီလောက်ထားလိုက်ပါတယ် ပြီး မှ ပေါက်စီ plain လေးနဲ့ ပဲစားစား ထမင်းအဖြူလေးနဲ့ စားစား ကြက်ဥပြုတ်ကို ကြက်သားထည့်တဲ့အချိန်မှာတချိန်ထဲထည့်တည်ပါတယ် အပေါ်မှာရေးရန်ကျန် သွားလို့ ပါ အသက်ကြီးလို့ မေ့တတ်လာပါပြီ :)) အဲနောက်ဆီသတ်ချိန်မှာ one cinncmon stick and 3 star anise ကိုလည်းထည့်ပါတယ် ။

ကြက်သားလေး ကြော်စားမယ်




Monday, February 20, 2012

ကြက်သား ကောက်ညှင်းထုပ်လေး လုပ်စားရအောင်


ဝက်သားကြိုက်တဲ့သူများဝက်သားနဲ့ ထုပ်လို့ ရပါတယ်။မြည်းကြည့်သွားပါအုံးနော်။
လုပ်နည်း
Ingredients
500 gm glutinous rice
250gm chicken (အရိုးထုတ်ပြီးသား)
15gm mushroom
40gm dried prawn
20gm garlic
30gm shallot (ကြက်သွန်နီဥအသေးလေး)
40gm dumpling leaves (ကျွန်မကတော့ငှက်ပျော်ဖက်ပဲသုံးလိုက်ပါတယ်ရေနွေးစိမ်ပြီး
ဆီသုတ်လိုက်ပါတယ်)

Seasonings
1tsp salt
3tbsp oil
1tsp MSG
1/3 tsp pepper
11/2 tbsp dark soy sauce

Method
Clean and soak the glutionous rice for about 2 hours.
Remove and drain.
fry the dried prawn,garlic and shallots add in chicken,mushroon and seasonings.
Arrange the banana leaf into hollow ,put in the rice and other ingredients.Wrap into dumpling shape.Boil the dumplings in boiling water for 2 hours (for me I boiled only 1 and the half hour )




ကြက်သား ဆီချက်ခေါက်ဆွဲ

ကြက်သားဆီချက်ခေါက်ဆွဲလေး စားကြရအောင်


ကြက်သားကို ဂျင်းတို့  ဆား အသားမှုန့် တို့ နဲ့ နယ်ပြီးပြုတ်ထားလိုက်တယ် နူးလောက်ရင် အအေးခံပြီး အသားနွင်ထားတယ် ပြီးတော့ TEOCHEW MEE POL NOODLES ကို ဇကာခံပြီး ရေနွေးဆူဆူထဲမှာ ၂မီနစ် သုံးမီနစ်လောက် ထားလိုက်တယ် ပြီးတော့ ဇကာကိုထုတ် ပြီးခေါက်ဆွဲကို ပုဂံထဲထည့်ပြီး ပဲငံပြာရည် အကြည် အချိုမှုန့် အနည်းငယ် ကြက်သွန် ဖြူဆီချက် နဲ့ နယ်ပြိး အသားထည့်ပြီး ရင် ကြက်သွန် မိတ် ဖြူး ဆီချက် အဖတ် ပြီးရင် ကြက်ပြုတ်ရည်လေးနဲ့ တွဲစားရင် ရန်ကုန် ကဆီချက်အတိုင်း စားကောင်းလို့  enjoy :

ဝက် သားဒုတ်ထိုး လေးလုပ်စားကြ ရအောင်

ဝက်သားဒုတ်ထိုးလေးစားကြပါနော်လုပ်နည်းလေးရေးလိုက်တယ်နော်
သမီးတွေကတော့အရမ်းစားကောင်းတယ်ပြောပါတယ်။
ဝက်လျှာနှစ်ခု ဝက်အူချိုတထုပ်ကိုလုပ်ထားတာပါ
ပထမဝက်လျှာ နဲ့ အူချို ကိုခွဲပြီး တပန်းကန်ဆီနယ်ပါတယ်
ဆားအနည်းငယ် သကြားအနည်းငယ် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် Table spoon နှစ်ဇွန်းဆီလောက်
ထည့်ပါ rice wine tea spoon နှစ်ဇွန်းလောက်ထည့်ပြီးအသားမှုန့် လေးအနည်းငယ် တရုတ်မဆလာ tea spoon တဇွန်းနီးပါး ဆီ Table spoon
တဇွန်းအိုးထဲမှာဝက်လျှာကိုအရင်ထည့်ပြုတ်ပြီး ၁၅မီနစ်လောက်ကြာလျှင်
အူချိုကိုထည့်လိုက်ပြီးနောက်ထပ်၁၀မီနစ်၁၅မီနစ်လောက်ဆိုရပါပြီ
ခရင်းလေးနဲ့ ထိုးကြည့်ပါသိတ်နုးအိစရာမလိုပါပျော့ရင်ရပါပြီ ရေလက်နှစ်လုံး
လောက်အိုးထဲမှာကျန်ရင်မီးပိတ်လိုက်ပါ
ပြီလှင် အဖုံးအုပ်ပြီးနာရီဝက်လောက်ထာုးလိက်ပါူ

Home made Soya Chicken

Home Made Soya Chicken
ကြက်သားကို ပဲငံပြာရည် အနောက်အကြည်တို့ နဲ့ နယ်ပြီး နှပ်ထားပြီးမှ ဂျင်းရယ် သကြားရယ် နဲ့ ထည့်ပြီးပြုတ်ပါတယ် ပြီးမှဆယ်ပြီး ကျန်တဲ့အရည်ကို ကော်မှုန့် နဲ့ ချက်လိုက်ပြီးကြက်ပေါ်လောင်းလိုက်ပါတယ် ထမင်း နဲ့ လဲစားကောင်းသလို ခေါက်ဆွဲနဲ့ လဲ စားလို့ ကောင်းပါတယ်။

ဘိန်းမုန့် လေး လုပ်စားရအောင်

Hong Kong PAO Flour ဆန်ချင်ခွက် နှစ်ခွက် ကို ရေတခွက်နဲ့ ရောပါတယ်
ပြီးရင် ထန်းညှပ်ကုန်နေလို့  dark brown sugar ဇွန်းကြီးနှစ်ဇွန်း ရယ် ကြံဒကာ တတောင့်ရယ်ကို ကြွက်မြီးတန်းလောက်ဖြစ်အောင် ကျိုပြီး အအေးခံပြီးထည့်ပါတယ် baking powder 1tsp , baking soda 2tsp ရယ် ကြက်ဥတလုံးရယ် အားလုံးကိုရောမွေပြီး နာရီဝက်လောက်
ထားပြီးမှ no stick အိုးအရွယ်တော်လေးထဲမှာ ထောပတ်သို့ မဟုတ်ဆီသုတ်ပါ ပြီရင် မှုန့် နှစ်ထည့်ပါ အဖုံးဖုံးထားပြီးအပေါက်လေးများရတဲ့အထိထားပြီးမှ အုန်းသီး အရှည်လိုက်လေးတွေရယ် ဘိန်းစေ့ လေးတွေကိုဖြူးပါ တဖက်ကျက်မှနောက်တဖက်လှန်ပေးလိုက်ပါတယ်
ဒါဆို စားလို့ ကောင်းတဲ့ ဘိန်းမုန့် လေး ရပြီနော်

ကင်ချီ လေး လုပ်စားရအောင်






















Chili paste
2tabsp ငံပြာရည်
2tabsp chili powder (Koren red chili powder သုံးရင်ပိုကောင်းပါတယ် ကျွန်မကတော့အိမ်မှရှိတဲ့အမှုန့် နဲ့ ပဲလုပ်လိုက်တယ်
သကြားဇွန်းသေးတဇွန်း
ကြက်သွန်ဖြူ၅ဥနဲ့ ဂျင်းလက်တဆစ်နီးပါးလောက်ကိုညှပ်အောင်ထောင်းပြီး
ကြက်သွန်မိတ်လေးများကို၁လက်မမရှိတရှိလှီးဖြတ်ထားပြီး


မုန်လာဥနီတဝက်လောက်ကိုခြစ်လိုက်ပါတယ်
အားလုံးကိုရောနယ်လိုက်ပါတယ်။




making Kimchi ဒုတိယအကြိမ်လုပ်ခြင်း လုပ်နည်းအမျိုးမျိုးရှိမှာပါဒါကတော့ကျွန်မသိတဲ့နည်းလေးပါ
မုန့် ညှင်းထုပ်သေးသေး၃ထုပ် ကို ဆား 2tabsp နဲ့ ပက်ပြီး ၂နာရီလောက်ထားလိုက်ပါတယ်။




ဆားပက်ပြီး၂နာရီထားထားတဲ့မုန့် ညှင်းကိုရေပြောင်အောင်ဆေးပြီးရေညစ်လိုက်တယ် လုံဝရေမရှိလောက်အောင်စကာနဲ့ ရေဆစ်ထားပြီးမှ chili paste ကိုသုတ်လိုက်ပါတယ် သုတ်ထားလေလုံထဲ့ဘူးထဲထည့်လိုက်ပါ တတ်နိုင်ရင်လုံးဝမဖွင့်ကြည့်ပါရင်ကောင်းပါတယ် ၂၄နာရီပြည့်မှပဲဖွင့်ကြည့်လျှင်ပိုကောင်းလို့ ။

Pepper Prawn


ဆီပထမ ကြက်သွန် ဖြူ ကို ဆီ အနည်းငယ်ထည့်ကြော်ပါမယ် ပြီးလျှင် ငရုတ်ကောင်း အကြမ်းမှုန့် ထည့်ပါမယ်
ပြီးလျှင် ပုဇွန် ထည့်မယ် ပဲငံပြာရည် အနောက် ထည့်မယ် ငရုတ်ကောင်းထပ်ထည့်ပါမည် အရသာ ကို အသားမှုန့် နဲ့ သကြားထည့်ပါမယ် ပဲငံပြာရည်အနောက်ထည့်ပြီး လျှင် ငရုတ်သီး လှီးထားတာများထည့်ပါမယ် ပုဇွန် ရဲပြီး ကျက်လောက် လျှင် ချလို့ ရပြီနော် ထမင်းပူပူလေး နဲ့ တွဲစားရင် အလွန် ကောင်းတယ်နော်

Sunday, February 19, 2012

ပန်းသေးခေါက်ဆွဲ

ကြက်သားကိုမဆလာနဲ့ ချက်ပြီး ကြက်အရည်နဲ့ ခေါက်ဆွဲကိုကြော်လိုက်ပါတယ်ပထမ ပန်းပွင့် ဥနီ ခရမ်းချဉ်သီး တို့ ကို
အရင်ကြော်ပြီးခေါက်ဆွဲထည့်ပါ ပဲငံပြာရည်အနောက်ထည့်ပြီးအရသာသာနည်းနည်းထည့်ပြီးကြက်ရည်ထည့်
ပါ နောက်ဆုံးဘေးမှာကြက်ဥကြော်လိုက်ပါတယ် ငရုတ်သီးမှုန့် ဖြူးပြီ သံပုရာသီးညစ်ပြီးစားရင်စားလို့ ကောင်းတဲ့ ပန်း သေးခေါက်ဆွဲ ရပါပြီ။